💘 Part-30 💘

Mulai dari awal
                                        

သို့သော် သေချာပေါက် စိတ်ဆိုးသွားသည့် လက္ခဏာမို့ သူနောက်က ချက်ချင်းလိုက်ရတော့သည်။

"ဟဲ့!လိုက်သွားမလား?"

"မလိုက်နဲ့!လွှတ်ထားလိုက် "

Lalaသည် taehyung နားကပ်ကာ Jungkook နောက်ကို လိုက်သွားဖို့ တိုးတိုးလေးပြောသည်။
Taehyung ကတော့ Jungkook အကြောင်းသိစွာ နေခဲ့ဖို့သာ ပြောသည်။ဘာလို့ဆို   jimin hyung ဘက်ကသာ 'jungkook နော်'ဆိုတာနဲ့  jeon Jungkook တို့က မမာခင်က ပျော့ကျနေပြီးသား။

မျက်စိရှေ့က ဒယ်ယန်းဆိုသည့် လူကတော့
မှိုင်းပြသော မျက်ဝန်းများနဲ့ jimin ထွက်သွားရာကို ကြည့်လို့နေခဲ့သည်။

Lalaနဲ့  taehyung ကတော့ ဒယ်ယန်းအား
ခေါင်းတစ်ချက်ငြိမ့်ပြရင်း နှုတ်ဆက်ကာ သူ့နေရာသူ ပြန်ထိုင်ကြရသည်။jungkookနောက် jimin လိုက်သွားပြီမို့ သူတို့ လိုက်စရာ မလိုတော့ပေ။

ကားပါကင်ကို jimin ရောက်သည်နှင့်
Jungkook သည် ကားတံခါးပင် ဖွင့်နေသည်။

"Jungkook !"

နာမည်ခေါ်ရင်း သူ့အနား ရောက်လာသော
ကိုကို့ကြောင့် ကားတံခါးဖွင့်နေသော
Jungkook လက်များ ရပ်တန့်ကုန်သည်။

"စိတ်ဆိုးသွားတာလား?ဘာလို့လဲ?
အကို အမှားလုပ်မိလို့လား?"

အကို့ မေးခွန်းကြောင့် Jungkook ဟက်ကနဲ ရယ်မိသည်။အမှားလုပ်မိလို့လားတဲ့။

"မမှားပါဘူး။ကိုကို ဘာမှ အမှားမလုပ်ထားပါဘူး။ကျွန်တော်ကသာ နေရာတကာ မသိစေချင်ပဲ
သိနေမိတာ။ကျွန်တော့အမှားတွေပဲ "

"ဘာတွေလဲ?အကို့ကို နားလည်အောင်ပြော "

"ခု ကိုကိုနဲ့ အဲ့ဒီလူ ဒီကို နှစ်‌ယောက်တည်း တူတူ ရောက်နေတဲ့ ကိစ္စ၊စုံတွဲခုံမှာ ထိုင်ပြီး တူတူ ရယ်မောကြည်နူးနေ‌တဲ့ ကိစ္စ။အဲ့တာကို ကျွန်တော် မသိလို့ဗျ "

"အော်..ဒါက hyung နဲ့ နှစ်ယောက်တည်း မဟုတ်ပါဘူး။hyungရဲ့ အသိတစ်ယောက်လည်းပါတယ်။စုံတွဲခုံ ယူမိတာက hyung  လက်မှတ်ဝယ်တာမို့ အကိုလည်း ရုံထဲ ရောက်မှ သိတာ ။
အထင်လွဲသွားတာလား?ဟုတ်လား?"

Jungkook မျက်နှာကို စေ့စေ့ကြည့်ကာ
ကိုကိုကမေးသည်။ပြန်မဖြေပဲ ကိုကို့မျက်လုံးများကို ခပ်တည်တည်သာ ကြည့်နေမိသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang