ဤသို့နှင့် ဇာတ်ကားသည် သုံးပုံပုံ တစ်ပုံထိ ပြီးလာခဲ့သည်။jungkookကသာ မှင်မပျက် ကြည့်နေသော်လည်း taehyung နဲ့ lalaကတော့
မုန့်စားရင်း၊ စကားတွတ်ထိုးရင်း ကြည့်နေကြသည်။
"Hyung နော်"
ရင်းနှီးနေသော အသံကို ကြားလိုက်ရသည့်အတွက် Jungkook ခါးပင် မတ်မိသွားသည်။သို့ပေမယ့် အသံက ထပ်ထွက်မလာတာမို့
သူ သေချာ နားစွင့်နေမိသည်။မဖြစ်နိုင်ပါဘူး။
"ဟားဟား!!ကျွန်တော် တကယ် ယားတတ်တယ်"
"မင်လေးက တကယ် ခါးမယဉ်ဘူးပဲ "
သေချာသွားသည့်အခါ Jungkook ထိုင်ခုံပေါ်မှ
ဝုန်းကနဲ ထရပ်ကာ နောက်လှည့်ကြည့်မိသည်။
သူထရပ်တော့ lala နဲ့ taehyung ကပါ
ထရပ်ကြသည်။
"ဟင်..... Jungkook "
Jimin သည် Jungkook ကို မြင်သည်နှင့်
အံ့ဩသွားသည်။lalaနဲ့ taehyung သည်လည်း
Jiminနဲ့ ဒယ်ယန်းဆိုသည့်လူကို တစ်လှည့်၊jungkookကို တစ်လှည့် ကြည့်နေမိသည်။
"အော်.... Jungkook တို့ ပဲ။ကိုယ်တို့ ထပ်တွေ့ကြပြန်ပြီ။တွေ့ရတာ ဝမ်းသာပါတယ် "
ခပ်ချောချော မျက်နှာထက် အပြုံးတစ်ခုဆင်မြန်းရင်း သူ့ကို နှုတ်ဆက်လာသော သူအား
Jungkook ကြည့်သာ ကြည့်ပြီး ပြန်မနှုတ်ဆက်မိပါ။အကြည့်တို့က ကိုကိုနဲ့ အဲ့ဒီလူကိုသာ
စုံချည်၊ဆနိချည် ကြည့်နေမိသည်။ဘယ်တုန်းက ရောက်နေတာလဲ?ဘာလို့ သူ့ကို မပြောတာလဲ?
နှစ်ယောက်ထဲ တူတူလာကြတာလား?ပြီးတော့ ထိုင်တာကလည်း အတွဲခုံမှာ ။ဘာလို့လဲ?
ကိုကိုက ဘာတွေ လုပ်နေတာလဲ?
Jungkook ဘက်က ဘာမှ ပြန်မပြောတာမို့
Hyung အား jimin အားနာစွာ ကြည့်ရင်း
"ဟို hyung။jungkookက -"
"ရတယ်။ရတယ် ကိုယ်နားလည်တယ် "
Jiminသည် ဒယ်ယန်းအား အားနာသလိုလေး ပြုံးပြပြီးနောက် Jungkook နား ရောက်လာကာ
လက်တစ်ဖက်ကို ဆုပ်ကိုင်ဖို့ လုပ်သည်။သို့သော်
Jimin ကိုင်မည့် လက်ကို ကြိုတင် ဖယ်ပြီး တက်ခေါက်သံ ကျယ်ကျယ်ခေါက်ကာသာ ထွက်သွားသော
အင်ဂျင်နီယာလေးကို jimin နားမလည်သလိုလေး
ကြည့်နေမိသည်။သူ ဘာတွေဖြစ်သွားလဲ တကယ်ပင်မသိသေးပါ။
💘 Part-30 💘
Start from the beginning
