💘 Part-30 💘

Start from the beginning
                                        

ကိုကို့ကို နှစ်နှစ်ကာကာ ချစ်မိပြီး နောက်ပိုင်း
Jungkook  ကိုကို့ကို ဆုံးရှုံးရမှာ ကြောက်လာသည်။ဝေးရမှာကို တွေးကာ စိုးရိမ်သည်။ကိုကို့အနား သူကလွဲ ဘယ်ယောင်္ကျားလေးကိုမှ မရှိစေချင်သည်။ကိုကို့ကို ချစ်လွန်းလို့လည်း အရမ်း သဝန်တိုသည်။ကိုကိုသည် ဒယ်ယန်းအပေါ် လုံးဝဥဿုံ ရိုးသားသည်လို့ ပြောခဲ့သော စကားကိုလည်း သူယုံကြည်ပါသည်။သို့သော် သူ့စိတ်ထဲ
ဒယ်ယန်းနဲ့ ကိုကို့ကို တွဲမြင်ရတိုင်း အလိုမကျမှုတွေ ဖြစ်လာပြီး အတ္တကြီးစွာပင် နားလည်နိုင်မှု
ကင်းမဲ့ခဲ့သည်။

"Jungkook !"

"ဟင်"

အတွေးလွန်နေသော Jungkook မှာ
Lalaက လက်မောင်းကို လှုပ်ကာ ခေါ်မှ အသိကပ်တော့သည်။ကိုကိုနဲ့ ပတ်သက်လာလျှင် သူထိုသို့အသိစိတ်ပါ ကင်းလွတ်ခဲ့သည်အထိ ကိုကို့ကို သူအရမ်းချစ်သည်။

"ခေါ်နေတာ ကြာပြီ။နေမကောင်းဘူးလား?"

Lalaသည် ပြောရင်း Jungkook နဖူးအား စမ်းသည်။

"ကိုယ်လည်း မပူပါဘူး "

"ငါ နေကောင်းတယ်။အတွေးလွန်သွားလို့ ။
Taehyung ရော "

"ဟိုမှာ လာနေပြီ "

မုန့်ထုပ်နဲ့  အအေးဗူးများဆွဲကာ သူတို့အနားကို
Taehyung ရောက်လာသည်။

"လက်မှတ်ရပြီလား?"

"အင်း...ထိုင်ခုံလည်း အတန်းလိုက်ရတယ် "

Lalaသည် လက်မှတ်ကို ရမ်းပြရင်း ပြုံးရွှင်စွာ ပြောသည်။ထို့နောက်တွင်တော့ သူတို့လည်း လက်မှတ်တစ်ခုစီ ယူကာ ရုံထဲသို့ ဝင်ခဲ့တော့သည်။

Jungkook တို့ရသော နေရာသည် အတွဲများထိုင်သည့် နေရာ၏ ရှေ့က အတန်းတွင်ဖြစ်သည်။
Lalaကို အလယ်မှာ ထားလိုက်ပြီး ၊သူတို့ ယောင်္ကျားလေးနှစ်ယောက်ကတော့ ဘေးက ထိုင်ပေးလိုက်သည်။

ရုပ်ရှင်စပြတော့မှာ ဖြစ်သည့်အတွက်
ရုံကြီးတစ်ခုလုံး မီးများ မှိတ်ကျသွားသည်။ထို့နောက် LED screen ကြီးမှ ကြေငြာများ စဝင်ပြသသည်။jungkook ရုပ်ရှင်များကို သိပ်မကြည့်တတ်ပေမယ့် ရောက်လာပြီးသားဖြစ်တာမို့
ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည် ။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now