"နင် ဆက်ပြောမယ်ဆို ငါ ပြန်မယ် "
"နင်ကလည်း "
Jungkook ပြောလိုက်မှ lalaသည် ပါးစပ်ကလေးပိတ်သွားပြီး သက်ပြင်းချသည်။taehyungကတော့ 'ပြောသားပဲ'ဆိုတဲ့
အဓိပ္ပာယ်နဲ့ lalaကိုကြည့်သည်။
ထို့နောက် မှာထားသည်များ ရောက်လာသည်မို့
သူတို့လည်း ဗိုက်ဆာဆာနဲ့ စတင် စားကြတော့သည်။
"ငါတို့ အတန်းချိန်လည်း မရှိတော့ဘူးဆိုတော့
Shopping ထွက်ကြမလား ဟင်?"
စားသောက်ပြီးသည့် အချိန် ကန်တင်းမှာပဲ
သူတို့ ဆက်လက်ထိုင်နေကြသည်။မနက်ခင်းပိုင်းတွင် စာသင်ချိန် ရှိသောကြောင့် နေ့ခင်းပိုင်းက အားလပ်ချိန်မို့ lalaက ဈေးဝယ်ထွက်ဖို့ ပြောသည်။
"ဒါမှမဟုတ်။ရုပ်ရှင် ကြည့်ကြမလား?
ခု ရုံတင်နေတဲ့ ကားက အရမ်း ကောင်းတာတဲ့နော် "
"ဘာကားလဲ?"
Taehyung က စိတ်ဝင်တစား ဝင်မေးသည်။
Jungkook ကတော့ အသက်မပါသော ရုပ်ထုကြီးလို မိန့်မိန့်ကြီးပဲ ထိုင်နေသည်။
"My fault လေ ။ စပိန် ကား "
"Plotလေး နည်းနည်းပြောပြ "
Taehyung က စိတ်ဝင်စားသလို မေးတော့
Lalaက ပြုံးရယ်ကာ အားတက်သရော ဖြေပါတော့သည်။
"ဒီလိုလေ။မင်းသားအဖေနဲ့ မင်းသမီးအမေနဲ့က လက်ထပ်လိုက်မယ်ဟာ။အဲ့မှာ မင်းသမီးက မင်းသားအိမ်ရောက်သွားမယ်။အဲ့အချိန်မှာ မင်းသားနဲ့ စတွေ့မယ်။အဲ့လိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် မကြည်သလို ဆက်ဆံမယ်။ကြားထဲ
Romanceလေးတွေပါတယ်....အဟင်း "
"ဘာလဲ 'အဟင်း'က "
Lala၏ ပြီတီတီ မျက်နှာပေးနဲ့ အဟင်း ဆိုသည့်
စကားကို taehyung က နားမလည်စွာ မေးသည်။ဒီတစ်ခါတော့ Jungkook ပင်
Lalaကို ကြည့်လာသည်။
"18+ လေးတွေ ပါတယ်လို့ပြောတာ ။
ဘယ်လိုလဲ ကြည့်ကြမလား?"
"နင် ဒီလောက် သိနေတာ ကြည့်ပြီးပြီ မလား?"
"အင်း... Netflix မှာ ကြည့်ပြီးပြီ။ခုက ထပ်ကြည့်ချင်လို့ "
"အိမ်မှာ ကြည့်လည်း ရတာကို "
"မတူဘူးလေဟယ်။ဖုန်းထဲက ကြည့်ရတာနဲ့
ရုပ်ရှင်ထဲမှာ ကြည့်ရတာက"
💘 Part-30 💘
Start from the beginning
