💘 Part-30 💘

Start from the beginning
                                        

"ငါကတော့ ပဲခေါက်ဆွဲတစ်ပွဲရယ်၊ရေညှိထမင်းလိပ်ရယ်၊ကြက်ပေါင်ကြော် တစ်ပွဲရယ်ပဲ။အော်!
ပြီးတော့ ရေသန့်ဗူး တစ်ဗူးရော ပေးပါ "

Waiterလေးသည် စာရင်းများ မှတ်ပြီးသည်နှင့်
သူတို့အနားက ထွက်သွားသည်။

"အဲ့တာတွေ နင် တစ်ယောက်ထဲ စားမှာလား?"

Taehyung သည် lalaမှာလိုက်သည့် အစားအစာများကို ရည်ရွယ်ကာ မေးတော့ lalaက ခေါင်းလေး ငြိမ့်ပြပြီး

"အင်းပေါ့။ငါမှာတာ ငါတစ်‌ယောက်ပဲ စားမှာပေါ့ "

"နင် အစားကြီးလိုက်တာ "

Taehyung က အံ့ဩရင်း ထိုသို့ဆိုတော့
Lalaက မျက်စောင်းလေး တစ်ချက်ထိုးသည်။

"အစားကြီးတာ မဟုတ်ဘူး။အစားအစာကို
ချစ်မြတ်နိုးတာ။မှတ်ထား! "

Lalaရဲ့ စကားအရာ ကျွမ်းကျင်မှုကို
Taehyung တစ်ယောက် တုံ့ပြန်ပြောမနေတော့ပါ။နှစ်ယောက်သား ဘေးနားက Jungkook ဆီ
အကြည့်ရောက်မိတော့ ဂိမ်းကို သဲကြီး၊မဲကြီး ကစားနေသည်။

Lala က 'ဘာဆက်လုပ်မလဲ 'ဆိုတဲ့ သဘောနဲ့
Jungkook ကို မျက်ခုံးပင့်ပြသည်။taehyungကတော့  ခေါင်းလေး ရမ်းပြပြီး
အသာထားခိုင်းလိုက်သည်။

"Jungkook "

"အင်း"

မနေနိုင်သည့် lalaက စကားစလိုက်တော့
ဂိမ်းဆော့နေရင်းမှ 'အင်း'တော့ အသံပေးလာခဲ့သည်။

"Jimin shiနဲ့ စိတ်ဆိုးနေတာလား?"

"............"

"ဟိုနေ့က ကိစ္စနဲ့ ပတ်သက်ပြီး နင် စိတ်ခုနေတယ်ဆိုလည်း jiminshi နဲ့ တိုက်ရိုက်သွားဖြေရှင်းလေဟယ်။ဒီတိုင်းကြီး နေနေမယ့် အစား "

"ငါ ကိုကို့ကို ပြောပြပြီးသား။
အဲ့လူနဲ့ ပတ်သက်တာကို သဘောမကျကြောင်း
ငါ ပြောပြီးပြီ"

"အေးပါ။ခုဟာကလည်း jiminshi ဘက်က
နင် စိတ်ဆိုးစေအောင် လုပ်ခဲ့တာမှ မဟုတ်တာ။
ရုတ်တရက်မို့ သူလက်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲလေ"

".............."

"ပြီးတော့ နင် ဆုပေးပွဲ liveကို ကြည့်နေမှန်း သိချင်မှတောင် သိမှာ။အချင်းချင်း ရှင်းကြပါဟာ "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now