"Jungkook !"
"ဟင်"
အတွေးလွန်နေသော Jungkook မှာ
Lalaက လက်မောင်းကို လှုပ်ကာ ခေါ်မှ အသိကပ်တော့သည်။ကိုကိုနဲ့ ပတ်သက်လာလျှင် သူထိုသို့အသိစိတ်ပါ ကင်းလွတ်ခဲ့သည်အထိ ကိုကို့ကို သူအရမ်းချစ်သည်။
"ခေါ်နေတာ ကြာပြီ။နေမကောင်းဘူးလား?"
Lalaသည် ပြောရင်း Jungkook နဖူးအား စမ်းသည်။
"ကိုယ်လည်း မပူပါဘူး "
"ငါ နေကောင်းတယ်။အတွေးလွန်သွားလို့ ။
Taehyung ရော "
"ဟိုမှာ လာနေပြီ "
မုန့်ထုပ်နဲ့ အအေးဗူးများဆွဲကာ သူတို့အနားကို
Taehyung ရောက်လာသည်။
"လက်မှတ်ရပြီလား?"
"အင်း...ထိုင်ခုံလည်း အတန်းလိုက်ရတယ် "
Lalaသည် လက်မှတ်ကို ရမ်းပြရင်း ပြုံးရွှင်စွာ ပြောသည်။ထို့နောက်တွင်တော့ သူတို့လည်း လက်မှတ်တစ်ခုစီ ယူကာ ရုံထဲသို့ ဝင်ခဲ့တော့သည်။
Jungkook တို့ရသော နေရာသည် အတွဲများထိုင်သည့် နေရာ၏ ရှေ့က အတန်းတွင်ဖြစ်သည်။
Lalaကို အလယ်မှာ ထားလိုက်ပြီး ၊သူတို့ ယောင်္ကျားလေးနှစ်ယောက်ကတော့ ဘေးက ထိုင်ပေးလိုက်သည်။
ရုပ်ရှင်စပြတော့မှာ ဖြစ်သည့်အတွက်
ရုံကြီးတစ်ခုလုံး မီးများ မှိတ်ကျသွားသည်။ထို့နောက် LED screen ကြီးမှ ကြေငြာများ စဝင်ပြသသည်။jungkook ရုပ်ရှင်များကို သိပ်မကြည့်တတ်ပေမယ့် ရောက်လာပြီးသားဖြစ်တာမို့
ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည် ။
ဤသို့နှင့် ဇာတ်ကားသည် သုံးပုံပုံ တစ်ပုံထိ ပြီးလာခဲ့သည်။jungkookကသာ မှင်မပျက် ကြည့်နေသော်လည်း taehyung နဲ့ lalaကတော့
မုန့်စားရင်း၊ စကားတွတ်ထိုးရင်း ကြည့်နေကြသည်။
"Hyung နော်"
ရင်းနှီးနေသော အသံကို ကြားလိုက်ရသည့်အတွက် Jungkook ခါးပင် မတ်မိသွားသည်။သို့ပေမယ့် အသံက ထပ်ထွက်မလာတာမို့
သူ သေချာ နားစွင့်နေမိသည်။မဖြစ်နိုင်ပါဘူး။
"ဟားဟား!!ကျွန်တော် တကယ် ယားတတ်တယ်"
"မင်လေးက တကယ် ခါးမယဉ်ဘူးပဲ "
💘 Part-30 💘
Start from the beginning
