"သုံးနာရီဆို စမှာ "
Jungkook လက်က နာရီကို ကြည့်လိုက်တော့
1နာရီခွဲပြီးလို့ 2နာရီသို့ ရောက်တော့မည်။
"ဒါဆို သွားကြစို့လေ"
"တကယ် "
Lalaသည် ပြုံးပျော်သွားကာ
ထိုင်ခုံမှ ထရပ်ကာ ခုန်သည်။taehyungကတော့
Lalaရဲ့ ကလေးဆန်မှုကို သဘောကျစွာ ပြုံးသည်။
"Taehyung !မင်းကား ထားခဲ့လိုက်တော့။
ငါ့ကားနဲ့ပဲ သွားမယ် "
"အင်း..ရတယ်လေ "
ထို့နောက်တွင်တော့ Jungkook မောင်းသည့်
ကားလေးသည် TU တက္ကသိုလ်အတွင်းမှ ငြိမ့်ငြိမ့်လေး မောင်းထွက်သွားပါတော့သည်။
............................................................................
ရုပ်ရှင်ရုံသို့ ရောက်သည့်အချိန်မှာတော့
2နာရီ ခွဲနေပြီဖြစ်သည်။ထို့ကြောင့် lalaသည် လက်မှတ်ရဖို့အရေး လူအုံကြားထဲ တိုးကာ
တန်းစီနေတော့သည်။taehyungကတော့
သရေစာ အချို့ကို သွားဝယ်နေသည်။ကျန်နေခဲ့သော Jungkook မှာသာ ကိုကို့အကြောင်း တွေးမိနေသည်။
ခုဟာက သူ့ဘက်ကပဲ တစ်ဖက်သတ် စိတ်ဆိုး နေသလို ဖြစ်နေသည်မလား?ကိုကိုက သူစိတ်ဆိုးနေတာကို သိမည်တောင်မထင်။သို့သော် သူ့အနေနဲ့ စိတ်ဆိုးသင့်သည်မလား?ဒယ်ယန်းဆိုတာ
ကိုကို့အပေါ် ခံစားချက်တွေ ရှိနေကြောင်း ဝန်ခံထားသူတစ်ဦး။သူထက်စာရင် ကိုကိုက
ဒယ်ယန်းဆိုတဲ့ လူနဲ့ အရင်သိခဲ့တာမလား?
သူနဲ့ ကိုကို မတွဲခင်ကလည်း ဒယ်ယန်းနဲ့ ကိုကိုရဲ့ဆက်ဆံရေးကို သာမန်ထက် ပိုတယ်လို့ သူကိုယ်တိုင်ပဲ အတွေးဝင်ခဲ့ဖူးသည်။ပြီးတော့ ဒယ်ယန်းဆိုသည့် လူနဲ့ သူနဲ့ ဆုံတွေ့တိုင်း မျက်နှာတွင်သာ အပြုံးမပျက် ပြောနေပေမယ့် ကိုကို့နား
Jungkook ရောက်နေသည်ကို မကြည်ဖြူကြောင်း ထိုလူ့ရဲ့ မျက်လုံးတွေကနေတစ်ဆင့် Jungkook သိသည်။
ကိုကို့ကို နှစ်နှစ်ကာကာ ချစ်မိပြီး နောက်ပိုင်း
Jungkook ကိုကို့ကို ဆုံးရှုံးရမှာ ကြောက်လာသည်။ဝေးရမှာကို တွေးကာ စိုးရိမ်သည်။ကိုကို့အနား သူကလွဲ ဘယ်ယောင်္ကျားလေးကိုမှ မရှိစေချင်သည်။ကိုကို့ကို ချစ်လွန်းလို့လည်း အရမ်း သဝန်တိုသည်။ကိုကိုသည် ဒယ်ယန်းအပေါ် လုံးဝဥဿုံ ရိုးသားသည်လို့ ပြောခဲ့သော စကားကိုလည်း သူယုံကြည်ပါသည်။သို့သော် သူ့စိတ်ထဲ
ဒယ်ယန်းနဲ့ ကိုကို့ကို တွဲမြင်ရတိုင်း အလိုမကျမှုတွေ ဖြစ်လာပြီး အတ္တကြီးစွာပင် နားလည်နိုင်မှု
ကင်းမဲ့ခဲ့သည်။
💘 Part-30 💘
Comenzar desde el principio
