"ဒါမှမဟုတ်။ရုပ်ရှင် ကြည့်ကြမလား?
ခု ရုံတင်နေတဲ့ ကားက အရမ်း ကောင်းတာတဲ့နော် "
"ဘာကားလဲ?"
Taehyung က စိတ်ဝင်တစား ဝင်မေးသည်။
Jungkook ကတော့ အသက်မပါသော ရုပ်ထုကြီးလို မိန့်မိန့်ကြီးပဲ ထိုင်နေသည်။
"My fault လေ ။ စပိန် ကား "
"Plotလေး နည်းနည်းပြောပြ "
Taehyung က စိတ်ဝင်စားသလို မေးတော့
Lalaက ပြုံးရယ်ကာ အားတက်သရော ဖြေပါတော့သည်။
"ဒီလိုလေ။မင်းသားအဖေနဲ့ မင်းသမီးအမေနဲ့က လက်ထပ်လိုက်မယ်ဟာ။အဲ့မှာ မင်းသမီးက မင်းသားအိမ်ရောက်သွားမယ်။အဲ့အချိန်မှာ မင်းသားနဲ့ စတွေ့မယ်။အဲ့လိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် မကြည်သလို ဆက်ဆံမယ်။ကြားထဲ
Romanceလေးတွေပါတယ်....အဟင်း "
"ဘာလဲ 'အဟင်း'က "
Lala၏ ပြီတီတီ မျက်နှာပေးနဲ့ အဟင်း ဆိုသည့်
စကားကို taehyung က နားမလည်စွာ မေးသည်။ဒီတစ်ခါတော့ Jungkook ပင်
Lalaကို ကြည့်လာသည်။
"18+ လေးတွေ ပါတယ်လို့ပြောတာ ။
ဘယ်လိုလဲ ကြည့်ကြမလား?"
"နင် ဒီလောက် သိနေတာ ကြည့်ပြီးပြီ မလား?"
"အင်း... Netflix မှာ ကြည့်ပြီးပြီ။ခုက ထပ်ကြည့်ချင်လို့ "
"အိမ်မှာ ကြည့်လည်း ရတာကို "
"မတူဘူးလေဟယ်။ဖုန်းထဲက ကြည့်ရတာနဲ့
ရုပ်ရှင်ထဲမှာ ကြည့်ရတာက"
"ပြောပါဦး မတူတဲ့ အကြောင်းအရင်းလေး "
"ဖုန်းထဲ ကြည့်ရတာ မြင်ကွင်းက သေးသေးလေးဆိုတော့ သိပ်အားမရချင်ဘူးလေ။ရုပ်ရှင်ရုံထဲကျ မြင်ကွင်းက ကြီးတယ်။အဲ့တော့ ကြည့်ရတာ ပိုကောင်းတယ် "
"..........."
"ဘာလဲ?နင်တို့ နှစ်ယောက် လိုက်မှာလား?မလိုက်ဘူးလား?ငါ ဒီလောက် အမောစို့မတတ် recommend ပေးနေတာကို "
Lalaသည် လိုချင်တာ မရတော့ စိတ်ပျက်သလို ခေါင်းမော့ကာ ညီးညူသည်။
Taehyung က Jungkook ကို မေးငေါ့ပြကာ မေးသည်။
"အဲ့ကားက ဘယ်ချိန်ပြမှာလဲ?"
Jungkook မေးလိုက်တော့ lalaသည် မျက်နှာလေး ပြန်ဝင်းပသွားသည်။ထို့နောက် သွားတန်းကလေးများ ပေါ်အောင် ပြုံးသည်။
💘 Part-30 💘
Начните с самого начала
