"ငါ စားချင်စိတ်မရှိဘူး "
Jungkook သည် ထို တစ်ခွန်းပြောကာ
အိမ်စာပေးသွားသည့် စာများကို ရေးနေသည်။
Lalaသည် taehyung အား မျက်ခုံးပင့်ကာ ပြတော့ taehyung က ပခုံး တွန့်ပြသည်။
"နင်ကလည်းဟယ်!ရှိတာမှ ဒီသူငယ်ချင်းလေး
သုံးယောက်ထဲကို လိုက်ခဲ့ပါဟာနော် "
".........."
Lalaသည် Jungkook ဘေးနား ဝင်ထိုင်ရင်း
လက်မောင်းကို လှုပ်ကာ ပူဆာသလို လုပ်ပြသည်။
"နော်ဟယ်!ငါလည်း နင် jimin shiနဲ့ တွေ့ရင်
လိုက်ခဲ့ပေးတာကို "
"............"
Jimin ဆိုသည့် နာမည် ကြားသည့်အခါ အင်ဂျင်နီယာလေး၏ ဘောပင် ကိုင်ထားသော လက်များ တန့်သွားသည်။
"Jungkook လို့.."
"ကျစ်!သွားမယ် "
Jungkook သည် စုတ်တစ်ချက် သပ်ကာ
စာအုပ်၊ဘောပင်တို့ကို သိမ်းပြီး ဦးဆုံးထသွားသည်မို့ lala နဲ့ taehyung လည်း နောက်က လိုက်ကြရသည်။
ကန်တင်းကို ရောက်သည်နှင့် အရိပ်ရသော နေရာလေးတွင် သုံးယောက်သား ဝင်ထိုင်ကြသည်။
"Taehyung ၊jungkook..ဘာစားကြမလဲ?"
Lalaသည် menu ကိုကြည့်ရင်း
Jungkook နဲ့ taehyung ကို မေးသည်။
Taehyung က ကင်မ်ချီ ထမင်းကြော်တစ်ပွဲနဲ့
ပင်လယ်စာစုံ တစ်ပွဲမှာသည်။jungkookကတော့
အအေးတစ်ခွက်သာ မှာလိုက်သည်။
"ငါကတော့ ပဲခေါက်ဆွဲတစ်ပွဲရယ်၊ရေညှိထမင်းလိပ်ရယ်၊ကြက်ပေါင်ကြော် တစ်ပွဲရယ်ပဲ။အော်!
ပြီးတော့ ရေသန့်ဗူး တစ်ဗူးရော ပေးပါ "
Waiterလေးသည် စာရင်းများ မှတ်ပြီးသည်နှင့်
သူတို့အနားက ထွက်သွားသည်။
"အဲ့တာတွေ နင် တစ်ယောက်ထဲ စားမှာလား?"
Taehyung သည် lalaမှာလိုက်သည့် အစားအစာများကို ရည်ရွယ်ကာ မေးတော့ lalaက ခေါင်းလေး ငြိမ့်ပြပြီး
"အင်းပေါ့။ငါမှာတာ ငါတစ်ယောက်ပဲ စားမှာပေါ့ "
"နင် အစားကြီးလိုက်တာ "
Taehyung က အံ့ဩရင်း ထိုသို့ဆိုတော့
Lalaက မျက်စောင်းလေး တစ်ချက်ထိုးသည်။
💘 Part-30 💘
Start from the beginning
