💘 Part-30 💘

Start from the beginning
                                        

"အင်း "

အင်း ဟုဆိုပြီး jiminကို lover seat နေရာတွင် ဝင်ထိုင်စေပြီး၊သူကိုယ်တိုင်ကတော့ မောင်းသူနေရာတွင် ဝင်ထိုင်ရသည်။lala နဲ့ taehyung ကတော့
နောက်ခန်းတွင် နေရာယူသည်။

"ဒေါသတွေ ထွက်မနေပါနဲ့။အကို ချစ်တာ မင်းတစ်ယောက်ထဲဆိုတာ သိသားနဲ့ "

ကားပေါ်ရောက်သည်အထိ မျက်နှာထားက
တည်တင်းထားဆဲဖြစ်သော ကောင်လေးအား
Jimin စိတ်လျှော့ဖို့ ပြောရသည်။

Lalaနဲ့ taehyung ကတော့ အခြေအနေကိုသိစွာ
ငြိမ်ငြိမ်လေးသာ နေပေးလိုက်သည်။

"ကျွန်တော် လိုက်ပို့ပေးမယ် "

Jiminရဲ့ ကွန်ဒိုကို ရောက်သည်နှင့် parkingတွင်
ကားရပ်ထားလိုက်သည်။သူ့ဘက်က လိုက်ပို့ပေးမည် ပြောတော့ ကိုကိုက lalaနဲ့ taehyung တို့အား ကြည့်ရင်း

"ရပါတယ်...lalaနဲ့ taehyung ကို စောင့်ခိုင်းထားရမှာ အားနာစရာကြီး "

Jungkook သည် စကားကို လျစ်လျူရှု့ကာ
ကားပေါ်က အရင်ဆင်းသွားတော့သည်။

"သွားလိုက်ပါ jimin shi"

"ကျွန်တော်တို့ကို အားနာစရာမလိုဘူးဗျ"

"အ့ဆို အကို့ကို ခွင့်ပြုပါဦး "

Lalaနဲ့ taehyung ကို နှုတ်ဆက်ပြီး jimin ကားပေါ်က ဆင်းကာ Jungkook အနားသို့ သွားရသည်။

"မင်းနော် ..အမေ့!!! "

Jungkook ကို ဆူမည့် စကားလုံးများသည်
Jungkook ရဲ့ မိမိကိုယ်ကို ဒူးကောက်ကွေးနေရာမှ ပွေ့ချီလိုက်ခြင်းကြောင့် လူက လန့်ကာ
Jungkook ရဲ့ လည်တိုင်ကို သိုင်းဖက်ထားမိသားပင်။

"အောက်ကို ချပေး ... Jungkook  "

ပြောစကားကို နားမထောင်စွာပင်
သူ့ကိုယ်ကို ပွေ့ချီလျက်သားပင် ဓာတ်လှေကားမှ တစ်ဆင့် သူ့အခန်းရှိရာဆီ တက်ခဲ့တော့သည်။

သူ့အခန်းရှေ့ ရောက်မှ အောက်ကို ချပေးသော
ကောင်လေးအား jimin မကြည် ကြည့်လေး ကြည့်မိသည်။

"ဘာလို့ အဲ့လို တဇွတ်ထိုး- အွန့် "

ရန်လိုမယ့် စကားလုံးများသည်
ကောင်လေးရဲ့ နှုတ်ခမ်းပါးများနဲ့ ချိတ်ပိတ်ခံလိုက်ရခြင်းကြောင့် ထွက်မလာတော့ပေ။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now