သူ့ကို မြင်သည်နှင့် မင်လေးကို ခါးမှတစ်ဆင့်
ဆွဲကာ ဖက်လိုက်သည်ကို ဒယ်ယန်း မြင်လိုက်ပါသည်။အဟက်!ဒီကောင်လေး ခုထိ ကလေးကလား အကွက်တွေ သုံးတုန်းပါပဲလား?
အနားရောက်သွားသော ဒယ်ယန်း၏ အကြည့်တို့သည် ဘေးလူများကို တစ်ချက်မျှ မကြည့်သေးပဲ jimin ကိုသာ တစ်စိုက်မတ်မတ် ကြည့်နေသည်။
"ကိုယ်နဲ့ လိုက်ခဲ့တော့မလား?"
"ကျွန်တော်နဲ့ ပြန်မှာ ....ကိုကိုက "
Jimin မပြောခင် Jungkook ဘက်က ဖြတ်ကာ အရင်ပြောလိုက်ရသည် ။
ဒယ်ယန်း ထိုကောင်လေးဆီ အကြည့်တစ်ချက် ရောက်သွားသော်လည်း သူမေးသည့်လူက jimin မို့ jiminဆီကို ပြန်ကြည့်ပြီး ထပ်မေးသည်။
"ဟုတ်လား?မင်လေး "
"ဟုတ်တယ်..hyung။ကျွန်တော် သူနဲ့ပဲ ပြန်လိုက်တော့မယ်"
Jimin ဆီက ဖြေသံ ကြားမှ ဒယ်ယန်း ခံ့ညားသော အပြုံးလေးတစ်ခုပြုံးပြလိုက်ပြီး
Jimin ရဲ့ ခေါင်းမှ ဆံပင်တို့ကို တစ်ချက်ဖွကာ
"ဟုတ်ပြီ...အ့ဆိုလည်း ကိုယ် သွားတော့မယ် "
"ဟုတ်ကဲ့ "
Jiminတစ်ယောက်ထဲကိုသာ ရှိတယ်ထင်ပြီး
စကားတွေ ပြောနေသော ဒယ်ယန်းကို ကြည့်ကာ
Jungkook ဒေါသထွက်လာမိသည်။သူ့ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား?သူ့ရှေ့မှာတောင်
ကိုကို့ကို ထိသွားသေးတာကရော ?တောက်ခ်!!
ရင်ဘတ်ထဲက မကျေနပ်မှု အစိုင်အခဲကို
ပြင်ပသို့ ထွက်မလာစေရန် ထိန်းချုပ်ထားသောငြား ဒယ်ယန်းဆိုသည့် လူကိုတော့ ခပ်စူးစူးသာ ကြည့်ပေးနေလိုက်သည်။မကြာ ထိုလူသည်
သူ့ထံ အကြည့်ရောက်လာပြီး သူ့မူပိုင်
ခံ့ညားသော အပြုံးကို ပြုံးပြပြီး နေရာမှ ထွက်သွားတော့သည်။
Lalaနဲ့ taehyung ကတော့ သုံးပွင့်ဆိုင်လို ဖြစ်နေသည့် အခြေအနေကို live show သဖွယ် ကြည့်နေခဲ့ကြသည် ။
"ပြန်မှာဆို ပြန်ကြမယ်လေ "
ထွက်ခွာသွားပြီဖြစ်သော hyung ရဲ့ ကျောပြင်ကို
ခပ်စူးစူး အကြည့်တွေနဲ့ ကြည့်နေဆဲဖြစ်သော
Jungkook ကို jimin စကားစရင်း အာရုံလွှဲပေးရသည်။မဟုတ်ရင် ဒီကောင်လေး ဒေါသ ထွက်နေရဦးမည်။
💘 Part-30 💘
Start from the beginning
