"ရုံထဲ ဘယ်ချိန်ကတည်းက ရောက်နေတာလဲ?"
"အကိုတို့ ရောက်လာတဲ့ချိန်က ရုပ်ရှင်က စနေပြီ။
အ့ကြောင့် မင်းကို မမြင်မိတာ ထင်တယ်။
ရုံတစ်ခုလုံးကလည်း မှောင်မဲနေတော့"
"အင်း.......နောက်ခါ ကျွန်တော် သဝန်တိုရမယ့်
အရာတွေ မလုပ်ပါနဲ့။ကျွန်တော် မခံစားနိုင်ဘူး "
Jimin သည် Jungkook ရင်ခွင်ထဲမှ သူ့ရဲ့ အင်ဂျင်နီယာလေးရဲ့ မျက်နှာချောချောကို မော့ကြည့်ရင်း သဘောကျစွာ ပြုံးပြီး
မေးဖျားလေးကို မော့ကာ နမ်းသည်။
ထိုအခါ အင်ဂျင်နီယာလေးက မျက်လုံးဝိုင်းလေးများနဲ့ မှေးစင်းကာ ကြည့်နေခဲ့သည်။
"ဟုတ်ပါပြီ "
"အဟမ်းးး!"
ချောင်းဟန့်သံ ကြောင့် သူတို့နှစ်ဦးလုံး ကြည့်မိရာ ပြုံးစိစိဖြစ်နေသော lalaနဲ့ သွားတန်းကလေးများ ပေါ်အောင် ပြုံးရင်းtaehyung တို့သည် သူတို့အနား လျှောက်လာနေကြသည်။ထိုအခါမှ jiminလည်း Jungkook ပခုံးပေါ်က သူ့လက်တို့ကို
ဖယ်လိုက်ကာ Jungkook ဘေးနားသာ ကပ်ရပ်နေလိုက်သည်။
"နောက်ဆုံး အဆင်ပြေသွားကြပြီပေါ့ "
Lalaက ပြုံးပြုံးကလေးနဲ့ မျက်ခုံးပင့်ပြကာ မေးတော့ Jungkook က ရှု့တည်တည်သာ ကြည့်လို့နေသည်။
"သူ စိတ်ဆိုးနေတာ မင်းတို့ပါ သိနေတာလား?"
"သိတာပေါ့...jimin hyung ရာ။
ဒီကောင်ကလေ hyungနဲ့ ပြဿနာတက်တိုင်း
Hyungကိုသာ ဘာမှမပြောတာ။မဆီမဆိုင် သူ့ဘေးနားက ကျွန်တော်တို့က ကြောက်နေရတာ "
Taehyung အပြောကြောင့် jimin ဖွဖွလေးရယ်ကာ
"လူဆိုးကောင်လေးပဲ "
Jungkook ကို ကြည့်ရင်း ထိုသို့ ပြောတော့
အင်ဂျင်နီယာလေးသည် မျက်နှာ လွှဲပစ်သည်။
"မင်လေး"
တည်ကြည်လေးနက်သော အသံကြောင့်
သူတို့လေးယောက်လုံး ကြည့်မိရာ ဒယ်ယန်းဆိုသည့်လူသည် သူတို့ရှိရာကို လျှောက်ကာ လာနေသည်။
Jungkook သည် ဒယ်ယန်းလာနေသည်ကို မြင်သည်နှင့် jimin ကို လက်တစ်ဖက်နဲ့ ခါးဆီမှဆွဲကာ ဖက်လို့ထားသည်။ဒယ်ယန်းဆိုသည့် လူကိုတော့ ရေသေလို မျက်လုံးများနဲ့သာ စိုက်ကြည့်ပေးလိုက်သည်။
💘 Part-30 💘
Start from the beginning
