"လုပ်တတ်သားပဲ"
အနားရောက်လာသော ကိုကိုက
Jungkook လုပ်ထားသည့် ဖက်ထုပ်လေးများကို ကြည့်ကာ ချီးကျူးစကား ဆိုသည်။jungkookလည်း ပြုံးရင်းသာ
"ကျွန်တော် တော်တယ်မလား?"
"အင်း "
"အဲ့လိုတော်တဲ့ ကျွန်တော့်ကို အနမ်းလေး မပေးချင်ဘူးလား?"
"မပေးချင်ပါဘူး "
Jimin ထိုသို့ ပြောတော့ Jungkook မျက်နှာလေးသည် တည်သွားကာ ကျန်ရှိနေသေးသည့်
ဖက်လိပ်များကို အစာထည့်ကာ သူ့လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်သည်။စကားသံလည်း ထပ်ထွက်မလာခြင်းကြောင့် Jungkook စိတ်ဆိုးသွားပြီလားဟု jimin တွေးမိသွားသည်။
"Jungkook"
"........."
တုံ့ပြန်သံ မလာပဲ ဖက်ထုပ်ကိုသာ အာရုံစိုက်လုပ်နေသော ကောင်လေးသည် တကယ်ပင် စိတ်ဆိုးသွားခဲ့သည်။
"Jungkook လို့ "
".........."
"စိတ်ဆိုးသွားတာလား?"
"..........."
"ခု....နမ်းမယ်လေနော် "
ဖက်ထုပ်ကိုသာ အာရုံစိုက်လုပ်နေသော
ကောင်လေး၏ ပါးပြင်အား နမ်းဖို့ ကြံရွယ်ကာ
Jimin ခြေဖျားလေးထောက်ပြီး မော့နမ်းမည် အလုပ် -
အင်ဂျင်နီယာလေးသည် မျက်နှာကို တခြားဘက်သို့ လွှဲသွားပြီး ဖက်ထုပ်လုပ်နေသော စားပွဲနားမှ ခွာကာ ဘေစင်ရှိရာသို့ သွားကာ လက်ဆေးနေသည်။jimin စိတ်ထဲ ဝမ်းနည်းလာမိသည် ။
Jungkook ရဲ့ယခုလို ပုံစံက သူ့စိတ်ကို ဝမ်းနည်းစေရုံသာမက နှလုံးသားလေးပါ နာကျင်ရသည်။
အမှန်တော့ Jungkook ကို စသည့် သဘောသာ ပြောလိုက်ခြင်းဖြစ်သော ထိုစကားသည် အင်ဂျင်နီယာလေးအပေါ် အများကြီး သက်ရောက်သွားသည် ထင်ပါသည်။ပြောမိသည့်
မိမိကိုယ်ကိုပင် နောင်တရမိသည်။
ဘေစင်တွင် လက်ဆေးနေဆဲဖြစ်သော Jungkook ကိုကြည့်ကာ jimin ရင်ထဲ လှိုက်တက်လာမှုနဲ့ အတူ မျက်ရည်စလေးများ ဝဲလာမိသည်။စိတ်ထဲတွင်လည်း ဝမ်းနည်းလာကာ 'jungkookသာ သူ့ကို ထားသွားခဲ့ရင် 'ဆိုတဲ့ အတွေးက ဝင်လာသည်။ဟင့်အင်း။ထိုသို့ ဖြစ်လိူ့မရပါ။jungkookနဲ့ သူ လမ်းမခွဲနိုင်သလို ၊အဝေးလည်း မခံနိုင်ပါ။မြင်မြင်ချင်းကတည်းက သူ့စိတ်ရော၊နှလုံးသားရောကို စိုးမိုးနိုင်တဲ့ ကောင်လေးမို့
သူ Jungkook အနား မရောက်ရောက်အောင်
သွားခဲ့ရသည်မလား?ရေခဲတုံးလေးရဲ့ အချစ်ကို
သူပိုင်ဆိုင်ခဲ့ရသည်က လွယ်ကူခဲ့တာတော့ မဟုတ်ခဲ့ဘူးလေ။ထို့ကြောင့် Jungkook နဲ့ ဝေးရမည့် အဖြစ်ကို အတွေးနဲ့ တွေးကြည့်ရုံမိတင်
သူ ခြောက်ခြားစရာကောင်းလှသည်။
💘 Part-28 💘
Start from the beginning
