💘 Part-28 💘

Start from the beginning
                                        

"အားနာစရာကြီးကို "

"ကျွန်တော့်ကိုရော မသနားဘူးလားဗျ။အိမ်ထဲ ဘယ်တော့မှ ဝင်ရမလဲ?"

"အာ...လာလေ "

သူ ပြောလိုက်မှ တံခါးကို ပိတ်ရပ်ထားရာမှ
ဖယ်ပေးသည်မို့ Jungkook လည်း အထဲထိဝင်ကာ အိမ်ရှေ့ခန်းက ဆိုဖာခုံပေါ်တွင် ထိုင်ချလိုက်သည်။သူ့အနား   မရောက်လာသေးသော
ကိုကို့ကြောင့် ကြည့်မိ‌တော့ kitchen counter ဘက် ရောက်လို့နေသည်။ထို့ကြောင့် အမြန်ပဲ ထသွားကာ ကြက်သွန်မြိတ်တို့ကို လှီးဖြတ်နေသော
ကိုကို့ကို ခါးလေးမှ လက်လျှိုသွင်းပြီး နောက်ကျောပြင်ကနေ သိုင်းဖက်လိုက်သည်။

သူဖက်လိုက်သည်နှင့် ကိုကိုက လုပ်လက်စကို ရပ်ကာ သူ့အား လှည့်ကြည့်ပြီး ပြုံးပြသည်။

"ဘာချက်နေတာလဲ?"

ကိုကို့ပခုံးလေးပေါ် မေးတင်ပြီး နှစ်ကိုယ်ကြားရုံလေး မေးလိုက်သည်။

"ဖက်ထုပ်ပေါင်း  လုပ်ဖို့လေ "

"ကူလုပ်ပေးမယ် "

"လုပ်တတ်လို့လား?"

ကိုကိုသည် သူ့အား ကြည့်ရင်း အကဲစမ်းသလိုလေး မေးလာသည်။နီးကပ်နေသော ကိုကို့ပါးပြင်လေးကို တစ်ချက် နမ်းရှိုက်လိုက်ပြီးနောက်
ပြုံးစစကလေးနဲ့ပင် Jungkook ပြန်ဖြေလိုက်သည်။

"မလုပ်တတ်လည်း ကိုကို သင်ပေးပေါ့ဗျာ "

ကိုကိုသည် လှလှလေး ပြုံးပြီး Jungkook ကို စိုက်ကြည့်သည်။

"ဘယ်လိုလဲ?သင်ပေးမှာမလား?"

"အင်း..."

ရွှတ်

"ကူလုပ်ပေးမှာဆို "

"အင်းလေ "

"ဘာလို့ နမ်းနေလဲ?"

"ဒါကတော့ ကူလုပ်ပေးရလို့လေ "

လူလည်ကျနေပါသော ကောင်လေးအား ကြည့်ကာ jimin ခေါင်းလေးခါကာသာ ရယ်မိတော့သည်။

"အစာသွပ်ဖို့ အတွက် ကျွန်တော်ပဲ လုပ်လိုက်မယ်။ကိုကို ရေနွှေးအိုး တည်ထားလိုက် "

"အင်း "

Jungkook သည် ကြက်သွန်မြိန်ကို သေးသေးလေးတွေ ဖြတ်တောက်ထားပြီး ၊ရောထည့်မယ့် အသားကိုလည်း နုတ်နုတ်စင်းကာ မွမွလေး ဖြစ်စေသည်။ထို့နောက် အရသာမှုန့်များကို ထည့်ကာ
သမအောင် မွှေသည်။ပြီးနောက် ထို ရောနှယ်ထားသော အစာများကို  ဖက်လိပ်ထဲ
စားပွဲတင် ဇွန်း တစ်ဇွန်းစာ ခပ်ထည့်ပြီး ဖက်ဖူးလိပ် ပုံသဏ္ဍာန် ဖြစ်အောင် လိပ်ကာ ပုံဖော်သည်။
လိပ်ပြီးသွားသော ဖက်ထုပ်လေးများကို ဘေးက
သီးသန့် ပန်းကန်ပြားအကျယ်ထဲသို့ ထည့်ထားလိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now