"မင်းသမီးတွေနဲ့ ပဲ တွဲရိုက်ချင်တာ "
"အော်"
Jungkook ကတော့ သမားရိုးကျပဲ တွေးကာ
'အော်'ဟုသာ ပြောပြီး ဘာမျှ ဆက်မမေးတာမို့
သူမလည်း နှုတ်ပိတ်၍သာ နေလိုက်သည်။
"ဒီနေရာလား?"
"အင်း "
ကိုကို နေသည့် ကွန်ဒိုနေရာကို ရောက်သည်နှင့်
Car parking မှာပဲ ကား ရပ်လိုက်သည်။
"Lala လိုက်ဦးမလား?"
"ဟင်!မလိုက်ပါဘူး။jungkookတို့ပဲ တဝကြီး တွေ့ခဲ့ကြနော် "
"ဒါဆို ဘယ်က စောင့်မလဲ?"
"ဒီကပဲ စောင့်နေလိုက်မယ်လေ။တော်ကြာ
Lala တစ်ယောက်ထဲ အပြင်ထွက်တာ တစ်ယောက်ယောက် သိရင် ပြဿနာ တက်နိုင်တယ်လေ။အထူးသဖြင့် ရှင့်မေမေရဲ့ လူတွေ။"
"အင်း....အ့ဆို ကျွန်တော် သွားပြီ "
Lalaလည်း Jungkook ကို နှုတ်ဆက်လိုက်သည်။
Jungkook ကို မမြင်ရတော့မှ ကားမှန်များကို ပိတ်လိုက်ကာ ထိုင်ခုံ နောက်မှီကို လျှောချပြီး
သူမ တရေးအိပ်ဖို့ မျက်လုံးများ မှိတ်လိုက်သည်။ညက သူမ GL series တစ်ခု ကြည့်ရင်း ညဉ့်နက်သွားပြီး မနက်လည်း Jungkook အတွက် အဆင်ပြေအောင် ကျောင်းကို ထလာပေးရသည်မို့ အိပ်ရေးမဝပေ။ထို့ကြောင့် ရတဲ့ အချိန်လေးတော့ အိပ်လိုက်ပါဦးမည်။
တင်းတောင် !!
နေ့လည်စာ အတွက် jimin ချက်ပြုတ်နေချိန်
ဘဲလ်တီးသံ ကြားတာမို့ လက်ဆေးကာ တံခါးသွားဖွင့်ပေးရသည်။
"Jungkook !"
ကိုကိုသည် တံခါးဖွင့်ပေးရင်း သူ့ကို မြင်တော့
အံ့ဩသွားကာ မျက်လုံးလေးဝိုင်းနေသည်။
"ကျွန်တော် လာတယ် "
ကိုကိုသည် Jungkook အနောက်ကိုပါ ရောယောင်ကာ ကြည့်နေသည်။မေမေ့လူတွေ ရိပ်မိသွားမှာ ကြောက်နေပုံရသည်။
"ကိုကို့ဆီလာတာ ဘယ်သူမှ မသိပါဘူး။
လိုက်လည်း မကြည့်ဘူးရယ်။ဘာလို့ဆို lalaကိုယ်တိုင် လိုက်ပို့လို့လေ"
"ဒါဆို lalaကရော ?"
"သူက ကားပေါ်မှာပဲ နေခဲ့တယ်။မလိုက်ချင်ဘူးတဲ့ "
💘 Part-28 💘
Start from the beginning
