💘 Part-28 💘

Start from the beginning
                                        

"ဟို...သွားပါ။မဒမ် ဆီကိုတော့ ဆက်မနေပါနဲ့ "

Driverဆီက ထိုစကား ကြားမှ lalaသည်
အိတ်ကပ်ထဲ ဖုန်းကို ပြန်ထည့်ကာ driver လက်ထဲက ကားသော့ကို ယူကာ Jungkook ဆီ ပစ်ပေးလိုက်သည်။

"ဟုတ်ပြီလေ။နည်းနည်းတော့ ကြာမယ်နော်။
ဒီမှာ မုန့်ဖိုး ...ဗိုက်ဆာရင် ဘေးနားက ဆိုင်‌တွေမှာ
တစ်ခုခု ဝင်စားထားကြပေါ့ရှင် "

"ဟုတ်ကဲ့....ကျေးဇူးပါ "

Driver သည် lala ထုတ်ပေးသော ငွေသား အချို့ကို လက်ခံရင်း ကျေးဇူးတင်စကားဆိုသည်။

"ဒါဆို သွားလိုက်ပါဦးမယ် "

"ဟုတ်ကဲ့ ။ဒါနဲ့ မဒမ် ‌ဖုန်းဆက်လာခဲ့ရင်
ဘယ်လို ဖြေလိုက်ရမလဲ?"

"ဘယ်လိုဖြေချင်သေးတာလဲ?မဒမ်သားက ချိန်းတွေ့နေတယ်လို့ ဖြေလိုက်ပေါ့ "

သူမနဲ့ မဟုတ်ပဲ ကိုကို အလှလေးနဲ့ ဆိုသည့်
စကားကိုတော့ စိတ်ထဲကနေပဲ ပြောမိလိုက်သည်။

"ဟုတ်..ဟုတ်ကဲ့ "

"ကို သွားကြစို့လေ"

"ဟင်...အင်း "

Lalaရဲ့ သူ့ကို ခေါ်လိုက်သည့် နာမည်ကြောင့်
Jungkook မျက်ခုံး တစ်ချက် ပင့်မိသွားသည်။
ထို့နောက် Lala က‌ ကား ပေါ် ဝင်ထိုင်နေပြီမို့ Jungkook လည်း ကားတံခါးဖွင့်ကာ မောင်းသူနေရာ အမြန်ဝင်ထိုင်ရသည်။ထို့နောက် Jungkook ကိုယ်တိုင်မောင်းသော ကားလေးသည် စတင်ကာ ထွက်သွားတော့သည်။

ကျောင်းနဲ့ ဝေးလာပြီဆိုမှ နှစ်ယောက်ပြိုင်တူ
ကြည့်မိကြရင်း ဟားကနဲ ရယ်ကြတော့သည်။

"Lala တကယ် သရုပ်ဆောင်တော်တာပဲ။
တကယ် မာန်ကြီးနဲ့နော် "

"Lala က သရုပ်ဆောင် ဝါသနာပါတယ်လေ"

"မင်းသမီး လုပ်ပါ့လား?ဒါဆို မင်းသားချောချောလေးတွေနဲ့ တွဲရမှာ "

"မင်းသမီးတော့ လုပ်ချင်ပါတယ်။ဒါပေမယ့်မင်းသားတွေနဲ့ တွဲမရိုက်ချင်ဘူး "

"ဟင်!ဒါဆို တစ်ကိုယ်တော် ရိုက်မှာလား?"

Jungkook က ကားမောင်းရင်း ပြုံးရယ်ကာ မေးတော့ lalaက ခပ်ဟဟလေးရယ်ကာ ပြန်ဖြေသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now