💘 Part-28 💘

Start from the beginning
                                        

"အိုခေလေ။သွားကြတာပေါ့ "

"ရက်စ်!!"

Lalaသည် အနိုင်ရရှိသူနှယ် ပျော်ရွှင်နေ‌တော့သည်။taehyungနဲ့ Jungkook လည်း
Lalaရဲ့ ပုံစံကို ကြည့်ကာ ပြုံးမိကြသည်။ခုချိန်မှာ lalaက သူနဲ့ ကိုကို အတွက် မြှားနတ်မယ် လိုပင် ဖြစ်နေတော့သည်။

"Taehyung ရော....လိုက်မှာလား?"

"ဟင့်အင်း...ငါက ခနနေ yoongi လာခေါ်မှာ "

"ဟုတ်ပြီ....အ့ဆို lalaတို့ပဲ သွားလိုက်တော့မယ်"

"အင်း...ဂရုစိုက်သွား!"

"သွားပြီ... taehyung "

Jungkook သည် လက်ပြရင်း lalaနဲ့ အတူ အခန်းထဲမှ ထွက်သွားသည်။Lalaနဲ့ Jungkook ကို ပြုံးပြရင်းသာ နှုတ်ဆက်ပြလိုက်သည်။ဒီနေ့ yoongi က အလုပ်စောဆင်းမည်ဟု massage ပို့ထားခြင်းကြောင့် သူလည်း အားနေတာမို့ date ဖို့ ရည်ရွယ်ထားမိလို့ပင်။ထို့ကြောင့် yoongi လာခေါ်မည့် အချိန်ကိုသာ အတန်းထဲ ဂိမ်းဆော့ရင်း ထိုင်စောင့်နေလိုက်သည်။

Jungkook နဲ့ lala ကျောင်း‌ဆောင်ထဲက ထွက်လာသည်နှင့် driver သမားက တံခါးဖွင့်ပေးလာသည်။

"ဟို...ဦးလေးတို့က ဒီကပဲ စောင့်နေလိုက်နော်။ကျွန်မတို့ နှစ်ယောက်ပဲ သွားချင်လို့ "

Lalaသည် driver ဖွင့်ပေးထားသော ကားနောက်ခန်းထဲကို မဝင်ပဲ သူမဘာသာပင်
ကား၏ တစ်ဖက်သို့ သွားပြီး lover seat နေရာတွင် ဝင်ထိုင်ကာ ခပ်တည်တည်နဲ့ စကားဆိုသည်။jungkook အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

"အဲ့လိုတော့ မဖြစ်ပါဘူး "

Driver မောင်းသူမှာ ရိုကျိုးစွာ ပြောရင်း
ခေါင်းငုံ့ထားသည်။ထိုအခါ lalaက ဒေါသ ထွက်ဟန်ပြပြီး

"ဘယ်လို!ဒါဆို သမီးရည်းစား အေးအေးဆေး‌ဆေး ချိန်းတွေ့မှာကို ရှင်တို့က ထိုင်ကြည့်နေမှာလား?"

"အဲ့လိုလည်း မဟုတ်ပါဘူး"

"ရတယ်လေ....အန်တီ့ဆီ ဖုန်းဆက်ရတာပေါ့ ။
ဒီမှာ သူများသမီးရည်းစား ချိန်းတွေ့မှာကို
သွားခွင့်မပေးဘူးဆိုပြီး"

Lalaသည် မျက်နှာကို ချီကာ ခပ်တည်တည်ပင် သူမရဲ့ အိတ်ထဲက ဖုန်းကို ထုတ်နေသည့် အချိန်မှာပဲ

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now