"နင့်သားလေးကလည်း လူတော်လေးပါဟယ်။
ဘယ်လောက်တော်ကြောင်း သတင်းတွေ အများကြီး ကြားထားပါတယ် "
ပြုံးရယ်ကာ ပြောနေကြသော မေမေနဲ့ မေမေ့သူငယ်ချင်းကိုလည်း မကြည်ပေမယ့် ပြုံးထားရသည်။
"Jungkook စိတ်လျှော့ပါကွာ"
Taehyung သည် သူ့အနား ကပ်ကာ
တိုးတိုးလေးပြောသည်။jungkookလည်း တင်းခံထားသော စိတ်တို့ကို သက်ပြင်းအဖြစ် ချလိုက်သည်။တကယ် နေရခက်လိုက်တာ။
"ဟော!သမီးလေး ဆင်းလာပြီ "
အားလုံး၏ အကြည့်များသည်
Lala အမေ ညွှန်ပြရာကို ရောက်သွားကြသော်လည်း Jungkook ကတော့ မကြည့်ခဲ့ပါ။
Taehyung တစ်ယောက် Jungkook နဲ့ စေ့စပ်မယ့် မိန်းကလေးကို သေချာကြည့်မိသည်။
ပညာအရည်အချင်းကတော့ သူတို့နဲ့ အတန်းတူဖြစ်ပြီး ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ lalaဆိုသည့် မိန်းကလေးသည် အေးအေးချမ်းချမ်းလေးနဲ့ လှပပါသည်။
"လာ!သမီး ထိုင် "
Lalaသည် Jungkook နဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။သူမ အပေါ်ထပ်က ဆင်းလာကတည်းက သူမဆီ အကြည့်တစ်ချက် ရောက်မလာသော Jungkook သည် ယခု သူ့ရှေ့တွင် ဝင်ထိုင်သည့်တိုင် ကြည့်မလာသေးပေ။
"ဒါဆို ပွဲလေး စလိုက်ကြရအောင် "
"အန်တီ...ခနရှင့် "
Jungkook အမေ၏ စကားကို ဖြတ်ကာ
ပြောလိုက်သော lala စကားကြောင့်
အားလုံး၏ အကြည့်များက သူမဆီ စုပြုံရောက်သွားကြသည်။
"သမီး... Jungkook နဲ့ စကား ခနလောက်
ပြောချင်ပါတယ် "
...........................................................................
TBC
Love you all my readers 💜🤟😚
Zawgyi
Jungkook ထွက်ပြေးသည့် နေ့မှ စ၍
ဂျွန်အိမ်တော်ရဲ့ နေရာတိုင်းတွင် အစောင့်အကြပ်များ ပိုတင်းကြပ်စွာ ချထားသည်။ မေမေသည်လည်း နေအိမ်ကနေပင် အလုပ် လုပ်ကာ
ကုမ္ပဏီကို သွားခြင်းမရှိတော့။jungkookသည်လည်း အိမ်တော်ထဲကနေ ဘယ်မှ မထွက်ရပဲ
နေလာရသည်မှာ ယခုဆိုလျှင် တတိယနှစ်
ကျောင်းတွေပင် ပြန်ဖွင့်တော့မည်။အခွင့်အရေးကို စောင့်သော်လည်း ကံကြမ္မာက မျက်နှာသာ မပေးသည်လား မပြောတတ်။ကိုကိုနဲ့ အဆက်အသွယ်မရတာ တစ်လပင် ကျော်လာပြီဖြစ်သည်။
💘 Part-26 💘
Start from the beginning
