ဒေါက် ဒေါက် ဒေါက်
"သခင်လေး!မမကြီးက အဆင်သင့်ဖြစ်ရင်
ဆင်းခဲ့ပါတဲ့ "
"လာမယ် ပြောလိုက်!"
Jungkook သည် စိတ်မကြည်မှုများ တိုးလာသလို မျက်နှာသည်လည်း ပုံမှန်ထက် အေးစက်မာကျောနေသည်။
"Jungkook "
"သွားကြစို့ !taehyung "
Taehyung သည် ကရုဏာ သက်စွာ
Jungkook ကို ကြည့်သည်။သူလည်း ဘာမှ မကူညီနိုင်တာမို့ ပိုပြီး စိတ်မကောင်းဖြစ်ရသည်။သူ့သူငယ်ချင်းက မျက်နှာတွင်သာ ဘာမှမဖြစ်သလို ပုံစံမျိုး လုပ်နေပေမယ့် ရင်ထဲ ကမ္ဘာပျက်နေမှာကို သူသိပါသည်။
........................................................................
Lalaတို့ နေအိမ်ကို ရောက်သည်နှင့်
ဆင်ဝင်အောက်တွင် ကားကို ရပ်လိုက်သည်။
Jungkook နဲ့ မေမေက ကားတစ်စီးဖြစ်ပြီး၊
Taehyung က သူ့ကားနဲ့ဖြစ်သည်။ကျန်သည့် ကားနှစ်စီးကတော့ မေမေ့ရဲ့ လူယုံများဖြစ်သည်။
သူတို့ရောက်လာသည်ကို သိသည်နှင့်
ပွဲတုန်းက တွေ့ရသော အမျိုးသမီးနဲ့ သူ့ဘေးက
အမျိုးသားတစ်ယောက်သည် ထွက်လာကာ ဧည့်ကြိုသည်။lala မိဘတွေ ဖြစ်ပါလိမ့်မည်။
"ရောက်လာကြပြီ!လာ..လာ
အိမ်ထဲ ဝင်ကြပါ "
Lala ၏ မိခင်ဖြစ်သူက ဦးဆောင်ကာ ခေါ်ပြီး
ဧည့်ခန်းထဲက ပြောင်လက်နေသော ဆိုဖာခုံများပေါ်တွင် ထိုင်ဖို့ နေရာပေးသည်။မေမေနဲ့ Jungkook က ထိုင်ခုံ တစ်ခုတည်းတွင် ဝင်ထိုင်လိုက်ပြီး၊taehyungက သူ့ဘေးနားက ကပ်လျက်ခုံတွင် ထိုင်သည်။မေမေ့လူများကတော့ အိမ်ရှေ့က စောင့်နေကြခြင်းဖြစ်သည်။
"မျက်နှာထားလေး ပြင်ထားမယ် သား။
လက်ထပ်ပွဲကို မြန်မြန် မစီစဉ်စေချင်ရင်
ပြုံးလိုက်ပါဦး "
မေမေသည် ပြုံးပြုံးလေးနဲ့ သူ့အနား ကပ်ကာ
ခပ်တိုးတိုးပြောသည်။jungkook လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။
"ဘာလိုလိုနဲ့ ငါတို့တောင် ခမည်းခမက်ဖြစ်တော့မယ် "
"ဒါပေါ့!lala လေးကို စတွေ့ကတည်းက
သဘောကျနေတာ။အခု ချွေးမနေရာထားရတော့မယ်ဆိုတော့ အရမ်းပျော်တာပဲ "
💘 Part-26 💘
Comenzar desde el principio
