"စိတ်ချပါ"
"ပြီးတော့ သူ့သူငယ်ချင်း ရောက်လာရင်လည်း
အရင်ကထက် ပို သတိထားပေးပါ "
"ဟုတ်ကဲ့ "
မှာစရာရှိတာ မှာပြီးသည့်နောက်
သားအခန်းကို ကျောခိုင်းကာ သူမ ထွက်ခဲ့တော့သည်။
..............................................................................
"Jungkook! တကယ်ကြီးလားကွာ?"
"မင်း မြင်တဲ့အတိုင်းပဲ ။ငါလည်း ဘာမှ လုပ်လို့မရဘူး "
"ငါ သတင်းကြားကြားချင်း မယုံဘူးကွ။
မင်း မေမေ ကိုယ်တိုင် ပြောထားတဲ့ video တွေ့မှ
ငါ ယုံတာ။လုံးဝ surprise ပဲ"
"အရင် အပတ်ထဲက မေမေ စီစဉ်နေတာ
ငါသိတယ် ။မင်းလည်း မလာလို့ မပြောဖြစ်တာ "
"ငါ လည်း လာချင်ပါတယ်။မင်းမေမေက
ငါ့နောက်ပါ သူ့လူတွေ လွှတ်ထားတာ။ငါလည်း
မလှုပ်ရဲဘူး။jimin hyungဆီကိုတောင် ဖုန်းနဲ့ပဲ
အဆက်အသွယ် လုပ်ရတယ်။လူချင်း သွားတွေ့လို့ သူတို့မိသွားရင် ငါ မင်းဆီ လာလို့ ရတော့မှာတောင် မဟုတ်ဘူး "
"sorryကွာ။မင်းလည်း ငါ့ကြောင့်နဲ့ အနေခက်နေရပြီ"
"ငါက အဆင်ပြေတယ်။ဒါနဲ့ အခု မင်း စေ့စပ်မယ့်
ကိစ္စကို jimin hyung သိထားတယ် "
"Mediaကနေရော၊သတင်းစာထဲရော ထည့်မှတော့ မသိပဲနေမလားကွာ။ငါ စေ့စပ်ရမှာကို
စိတ်မဝင်စားဘူး။ကိုကို ငါ့ကို အထင်လွဲပြီး
မုန်းသွားမှာကို ငါ အကြောက်ဆုံးပဲ taehyung ။
ငါ ကိုကို့ကို အဆုံးရှုံးမခံနိုင်ဘူး။ဝေးလည်း မဝေးချင်ဘူး "
"ငါလည်း ဘယ်လို ကူညီပေးရမလဲ မသိတော့ပါဘူး "
နှစ်ယောက် ပြိုင်တူ သက်ပြင်းချသံက
အခန်းအတွင်း ပျံ့နှံ့သွားသည်။ဒီနေ့က Jungkook စေ့စပ်ရမယ့် နေ့ဆိုပေမယ့် မပျော်မိပါ။ခုလို အခြေအနေထိ ဘာမှ မလုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း jungkook မုန်းမိပါသည်။
ကိုကို သိလောက်မှာပါ။ဒီပွဲက သူ့ဆန္ဒ မပါတဲ့
ပွဲဆိုတာ ကိုကို နားလည်လောက်မှာပါ။
ကိုကို တစ်ယောက်ထဲသာ ချစ်တဲ့ ကျွန်တော့် အချစ်တွေကို အထင်တော့ မလွဲလိုက်ပါနဲ့...။
💘 Part-26 💘
Start from the beginning
