"တောက်ခ်!!!"
"အဟက်!ဘယ်လောက်တောင် အဖြစ်သည်းနေရတာလဲ jeon Jungkook ရယ် ။အမေကို တောင်
မင်းက အာခံရဲလာပြီ "
"သားဘဝတစ်လျှောက်လုံး မေမေ့စကား တစ်သဝေ မတိမ်း နားထောင်ခဲ့တာပါ။အခုဟာက သားရဲ့ နှလုံးသားရေးကိစ္စမို့ သား ပျော်ရွှင်မှုကြောင့်ပါ။မေမေ ခွင့်ပြုပေးပါ"
"သား ဘယ်လိုပြောပြော မေမေ့ဘက်က
လုံးဝ သဘောမတူနိုင်ဘူး။မင်း စိတ်ကြိုက်
မင်း လုပ်ခဲ့ပြီးပြီပဲ။အခု မေမေစီစဉ်တဲ့အတိုင်း နေရမယ် "
"........."
"Lala နဲ့ ရှေ့တစ်ပတ်ထဲ စေ့စပ်မယ်။
ပြီးတော့ တတိယနှစ်ကိုလည်း lala နဲ့ တူတူ
တက်ရမယ်။အပို့၊အကြိုကို မေမေ စီစဉ်ပြီးပြီ "
"ကျောင်းတက်တဲ့ အချိန်လေးတော့ သားကို
လွတ်လပ်ခွင့်ပေးလို့မရဘူးလား?"
"ဘယ်ပေးလို့ရမလဲ?ပေးလိုက်ရင် မေမေ မှားသွားမှာပေါ့"
"မေမေဗျာ.."
"မေမေ ပြောချင်တာ ဒါပဲ။
ရှေ့ အပတ်ထဲ စေ့စပ်ပွဲကိုသာ အာရုံစိုက်ထား"
"......."
"ပြီးတော့ ထွက်ပြေးတာတွေ ထပ် မလုပ်နဲ့။
စေ့စပ်ပွဲအစား လက်ထပ်ပွဲ ဖြစ်သွားမယ် "
မေမေသည် ထိုမျှ ပြောပြီး အခန်းတံခါး ပိတ်ကာ ထွက်သွားတော့သည်။jungkookမှာ ဘာမှ မလုပ်နိုင်သည့် အခြေအနေမို့ ခံရခက်စွာ ကျန်နေခဲ့သည်။
"အား!!!! ဘာလို့လဲ?
ဘာလို့ ငါ့ကျမှ သောက်တလွဲတွေပဲ ကြုံနေရတာလဲကွာ!!!"
ဒေါသကို စိတ်ထွက်ပေါက် အဖြစ်
အသံကုန် အော်ဟစ်ရင်း အခန်းထဲက ပစ္စည်းများကို လွှင့်ပစ်မိတော့သည်။
ခွမ်းး ခွမ်းး ခွမ်းး
"မဒမ်!သခင်လေး-"
"ထားလိုက်။သူ့အသက်ကိုတော့
ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ဘာလို့လဲ သိလား?သူ အဲ့လို မိုက်ရူးရဲ ဆန်လိုက်ရင် သူချစ်တဲ့သူနဲ့ တစ်သက်လုံး တွေ့ခွင့်ရမှာ မဟုတ်ဘူးလေ။သူ အဲ့တာကို သိတယ်။"
"ဟုတ်ကဲ့ "
"သေချာ စောင့်ကြည့်ထားပါ။သတိတစ်ချက် မလွတ်စေပါနဲ့။သားက အကြောတင်းတဲ့ ကလေး။
သူ လွတ်လမ်း ရှာနေဦးမှာ"
💘 Part-26 💘
Start from the beginning
