"အင်း...ကိုကိုရောပဲ ဂရုစိုက်ပါ။
အခွင့်အရေး ရတဲ့နေ့ ကိုကို့ဆီ ရောက်အောင်လာခဲ့မှာ "
"မျှော်နေပါ့မယ် "
"ကိုကို "
"အင်း "
"ချစ်တယ် "
"ပိုချစ်တယ် ကောင်လေး ။
ဒီနေ့တော့ တော်ကြရအောင်လေ။အကြာကြီး ပြောလို့ မင်းအတွက် အဆင်မပြေလောက်ဘူး "
"ဟုတ်!ကိုကို .."
"အ့ဆို ဖုန်းချပြီနော်။ချစ်တာကို သိထားပေး"
"ဟုတ်ကဲ့ပါဗျ"
ကိုကိုနဲ့ ဖုန်းပြောပြီးသည်နှင့် ဖုန်းကို
Taehyung လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"မငိုပါနဲ့ကွာ။မင်းလို အေးတိအေးစက်နဲ့ နေတတ်တဲ့ကောင်က ငိုတော့ ငါ ဝမ်းနည်းပေမယ့် ရီချင်တယ်ကွ"
"ငါတကယ် ခံစားနေရတာကွ "
"အေးပါ...အေးပါ ။ငါသိပါတယ်။
ငါက မင်း စိတ်ပျော်အောင် ပြောတာ "
"ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ... taehyung ရာ"
"မင်းတို့ဘက်မှာ ငါနဲ့ yoongi ရှိတယ်။
တစ်ခုခုဆို ကူညီဖို့ အသင့်ပဲ "
သူငယ်ချင်း နှစ်ယောက် နွေးထွေးစွာ ပွေ့ဖက်ကြမိသည်။
"ဒါနဲ့ ငါတို့ ကျောင်းတွေ ပြန်ဖွင့်တော့မှာ။
မင်း ဘယ်လိုလုပ်မယ် တွေးထားလဲ?မင်းမေမေက မင်းကို ကားတော့ မပေး လောက်တော့ဘူး "
"မသိတော့ပါဘူးကွာ။ခုတော့ မေမေစီစဉ်သလို နေရမှာပေါ့။ကံကြမ္မာ က မျက်နှာသာပေးတဲ့နေ့
ငါ ကိုကို့ဆီ သွားမှာ "
"အချစ် လူစွမ်းကောင်းကြီးပေါ့ "
Jungkook လည်း သွားတန်းကလေးများ ပေါ်အောင် ရယ်နေမိသလို၊taehyungလည်း
လေးထောင့်ဆန်သော အပြုံးလေး ပေါ်အောင် ပြုံးနေမိတော့သည်။
တစ်ခါတစ်လေ ဖြူစင်တဲ့ မေတ္တာလေးတွေက
ခွန်းအား ရစေသလို၊ပျော်ရွှင်မှုကိုလည်း ရစေပါသည်။
..........................................................................
"သား လက်မခံဘူး လို့ ပြောပြီးပြီလေ!"
"မင်းဆန္ဒကို မေမေ မမေးဘူး သား။
ဒါဆို ရွေးလိုက်လေ။နိုင်ငံခြားမှာ ကျောင်းသွားတက်မလား?lalaနဲ့ စေ့စပ်ထားမလား?
နိုင်ငံခြားကို လွှတ်လို့ လွတ်လပ်ပြီ မထင်လိုက်နဲ့နော်။နေရာတိုင်းမှာ မေမေ ရှိနေမယ် "
💘 Part-26 💘
Start from the beginning
