"ငါ ကိုကိုနဲ့ စကားပြောချင်တယ် ။
ငါ သူ့အသံလေး ကြားချင်တယ် "
"Jungkook !ရော့ "
"ဟင်"
Taehyung သည် သူ့အင်္ကျီထဲက ဖုန်းကို ထုတ်ကာ Jungkook ရှေ့ ထိုးပေးလာသည်။
"မင်း ဘယ်လို ယူလာတာလဲ?ဟိုလူတွေ မစစ်ဘူးလား?"
"စစ်တော့ စစ်တာပေါ့ကွာ!တစ်ကွက်ရိုက်ပြီး
ယူလာရတာပေါ့ "
"ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပါ။ငါ မင်းကို
တကယ် ကျေးဇူးတင်တာပါ"
"အချင်းချင်းကိုကွာ!အချိန်ဖြုန်းမနေနဲ့ ။
ဖုန်းဆက်လိုက်ဦး"
"အင်း "
Taehyung နဲ့ စကားစ ဖြတ်ပြီး
ကိုကို့ ဖုန်းကို ခေါ်လိုက်သည်။တဒူဒူ ဝင်သွားပြီး
မကြာခင်မှာပဲ
"Hello"
"ကိုကို "
"ဟင်! Jungkook "
ကိုကိုသည် အံ့ဩသွားပုံရပါသည်။အသံလေးတွေပင် တုန်နေသည်။
"ကျွန်တော် -"
"လွမ်းနေတာ... မင်းကို အများကြီး သတိရနေမိတာ "
မျက်ရည်စလေးများ ဝဲလာရသည်။
ချစ်နေလျက်နဲ့ ဝေးနေရသည့် ဒုက္ခက ဒီမျှလောက်ထိ ခံစားစေရသည်ကို ကိုယ်တိုင် ကြုံဖူးမှသိသည်။
"ကျွန်တော်ရော....အရမ်း သတိရနေတာ ။
ကိုကို ကျွန်တော့်ကို ချစ်သေးတယ်မလား?
မတွေ့ရတာ ကြာလို့ အချစ်တွေတော့ လျော့မသွားဘူးမလား?"
"ဘယ်လိုတွေ မေးနေတာလဲ ကောင်လေးရာ။
မတွေ့ရမှ မင်းကို ပိုပို ချစ်လာတယ်။
အရမ်းတွေ့ချင်တယ်။ ပြီးတော့ ညတိုင်း မင်းတို့အိမ်ရှေ့ ရောက်တယ်။မင်း အခန်းလေး မီးပိတ်ပြီဆိုမှ အကို ပြန်တာ။အိပ်ချိန်တွေ နောက်ကျနေတယ်နော် ကောင်လေး။ခုညက စပြီး စော စောအိပ် "
မျက်ရည်များကြားက အင်ဂျင်နီယာလေး ဖွဖွလေး ပြုံးမိကာ
"ကျွန်တော် စောစော အိပ်ပါ့မယ်။
ကိုကို မလာပါနဲ့။ကိုကို တစ်ယောက်တည်း
စိတ်မချဘူး "
"အင်းပါ....နောက် ဆင်ခြင်ပါ့မယ်။
မင်းသာ ကျန်းမာရေး ဂရုစိုက်ပြီးနေ"
💘 Part-26 💘
Start from the beginning
