💘 Part-26 💘

Start from the beginning
                                        

"Jungkook "

"သွားကြစို့ !taehyung "

Taehyung သည် ကရုဏာ သက်စွာ
Jungkook ကို ကြည့်သည်။သူလည်း ဘာမှ မကူညီနိုင်တာမို့ ပိုပြီး စိတ်မကောင်းဖြစ်ရသည်။သူ့သူငယ်ချင်းက မျက်နှာတွင်သာ ဘာမှမဖြစ်သလို ပုံစံမျိုး လုပ်နေပေမယ့် ရင်ထဲ ကမ္ဘာပျက်နေမှာကို သူသိပါသည်။

........................................................................

Lalaတို့ နေအိမ်ကို ရောက်သည်နှင့်
ဆင်ဝင်အောက်တွင် ကားကို ရပ်လိုက်သည်။
Jungkook နဲ့ မေမေက ကားတစ်စီးဖြစ်ပြီး၊
Taehyung က သူ့ကားနဲ့ဖြစ်သည်။ကျန်သည့် ကားနှစ်စီးကတော့ မေမေ့ရဲ့ လူယုံများဖြစ်သည်။

သူတို့ရောက်လာသည်ကို သိသည်နှင့်
ပွဲတုန်းက တွေ့ရသော အမျိုးသမီးနဲ့ သူ့ဘေးက
အမျိုးသားတစ်ယောက်သည် ထွက်လာကာ ဧည့်ကြိုသည်။lala မိဘတွေ ဖြစ်ပါလိမ့်မည်။

"ရောက်လာကြပြီ!လာ..လာ
အိမ်ထဲ ဝင်ကြပါ "

Lala ၏ မိခင်ဖြစ်သူက ဦးဆောင်ကာ ခေါ်ပြီး
ဧည့်ခန်းထဲက ပြောင်လက်နေသော ဆိုဖာခုံများပေါ်တွင် ထိုင်ဖို့ နေရာပေးသည်။မေမေနဲ့ Jungkook က ထိုင်ခုံ တစ်ခုတည်းတွင် ဝင်ထိုင်လိုက်ပြီး၊taehyungက သူ့ဘေးနားက ကပ်လျက်ခုံတွင် ထိုင်သည်။မေမေ့လူများကတော့ အိမ်ရှေ့က စောင့်နေကြခြင်းဖြစ်သည်။

"မျက်နှာထားလေး ပြင်ထားမယ် သား။
လက်ထပ်ပွဲကို မြန်မြန် မစီစဉ်စေချင်ရင်
ပြုံးလိုက်ပါ‌ဦး "

မေမေသည် ပြုံးပြုံးလေးနဲ့ သူ့အနား ကပ်ကာ
ခပ်တိုးတိုးပြောသည်။jungkook လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။

"ဘာလိုလိုနဲ့ ငါတို့တောင် ခမည်းခမက်ဖြစ်တော့မယ် "

"ဒါပေါ့!lala လေးကို စတွေ့ကတည်းက
သဘောကျနေတာ။အခု ချွေးမနေရာထားရတော့မယ်ဆိုတော့ အရမ်းပျော်တာပဲ "

"နင့်သားလေးကလည်း လူတော်လေးပါဟယ်။
ဘယ်လောက်တော်ကြောင်း သတင်းတွေ အများကြီး ကြားထားပါတယ် "

ပြုံးရယ်ကာ ပြောနေကြသော မေမေနဲ့ မေမေ့သူငယ်ချင်းကိုလည်း မကြည်ပေမယ့် ပြုံးထားရသည်။

"Jungkook စိတ်လျှော့ပါကွာ"

Taehyung သည် သူ့အနား ကပ်ကာ
တိုးတိုးလေးပြောသည်။jungkookလည်း တင်းခံထားသော စိတ်တို့ကို သက်ပြင်းအဖြစ် ချလိုက်သည်။တကယ် နေရခက်လိုက်တာ။

"ဟော!သမီးလေး ဆင်းလာပြီ "

အားလုံး၏ အကြည့်များသည်
Lala အမေ ညွှန်ပြရာကို ရောက်သွားကြသော်လည်း Jungkook ကတော့ မကြည့်ခဲ့ပါ။
Taehyung တစ်ယောက် Jungkook နဲ့ စေ့စပ်မယ့် မိန်းကလေးကို သေချာကြည့်မိသည်။
ပညာအရည်အချင်းကတော့ သူတို့နဲ့ အတန်းတူဖြစ်ပြီး ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ lalaဆိုသည့် မိန်းကလေး‌သည် အေးအေးချမ်းချမ်းလေးနဲ့ လှပပါသည်။

"လာ!သမီး ထိုင် "

Lalaသည် Jungkook နဲ့ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။သူမ အပေါ်ထပ်က ဆင်းလာကတည်းက သူမဆီ အကြည့်တစ်ချက် ရောက်မလာသော Jungkook သည် ယခု သူ့ရှေ့တွင် ဝင်ထိုင်သည့်တိုင် ကြည့်မလာသေးပေ။

"ဒါဆို ပွဲလေး စလိုက်ကြရအောင် "

"အန်တီ...ခနရှင့် "

Jungkook အမေ၏ စကားကို ဖြတ်ကာ
ပြောလိုက်သော lala စကားကြောင့်
အားလုံး၏ အကြည့်များက သူမဆီ စုပြုံရောက်သွားကြသည်။

"သမီး... Jungkook နဲ့ စကား ခနလောက်
ပြောချင်ပါတယ် "

...........................................................................

TBC

Love you all my readers 💜🤟😚


သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now