💘 Part-22 💘

Start from the beginning
                                        

အခန်းထဲ ရောက်သည်နှင့်
ကိုကို့ ကိုယ်လေးကို မွေ့ယာပေါ်ချပြီး
သူက အုပ်မိုးထားရင်း မျက်လုံးချင်းဆုံကာ
ကြည့်နေလိုက်သည်။

"ကိုကို "

နူးညံ့စွာ ခေါ်လာသော
အသံလေးက ရှတတလေးနဲ့ နားထောင်လို့ အလွနိကောင်းပါသည်။jimin လည်း မျက်လုံးချင်းဆုံကာပင် ကြည့်နေမိသည်။

"ဒီည ကျွန်တော့်ကို ခွင့်ပြုပေးမယ် မလား?"

ခပ်ရှရှ အသံ။ချောမောလွန်းနေသော မျက်နှာ။
အပေါ်ထပ် အင်္ကျီ ချွတ်ထားခြင်းကြောင့်
ဂျိုင်းပြတ် အဖြူလေးတစ်ထည်သည် ထိုကောင်လေး ခန္ဓာကိုယ်နဲ့  ကျပ်နေသည်မို့ ကျစ်လစ်သော
Jungkook ခန္ဓာကိုယ်သည် ထင်းလင်းစွာ မြင်နေရသည်။သူ့ကို အုပ်မိုးကြည့်နေသောကြောင့်
နှလုံးသားသည်လည်း အခုန်မြန်လာခဲ့သညိ။

"ကိုကို "

"......."

"ဒီည ကျွန်တော့်ကို ခွင့်ပြုပေးလို့ "

"အင်း "

Jungkook အပြုံးလေး ပြုံးမိသွားသည်။။အင်း ဟုဆိုပြီးနောက် အကြည့်လွှဲဖို့ ပြင်နေသော
ကို့ကို မျက်နှာနား တိုးကပ်သွားရင်း
နှုတ်ခမ်း နှစ်စုံကို ထပ်တူကျစေလိုက်သည်။

ညှပ်ရိုးဆီမှ လည်တိုင်ဆီ ဖြန့်ချသွားသော
အင်ဂျင်နီယာလေးရဲ့ အနမ်းတွေ။
ဝမ်းဗိုက်နဲ့ ရှည်သွယ်သွယ် ပေါင်တံတစ်လျှောက်
နှုတ်ခမ်းပါးနဲ့ ပွတ်ဆွဲနမ်းသွားသော
ကိုယ်တွင်းက သွေးများ ပွက်ပွက်ဆူစေနိုင်တဲ့
အနမ်းတွေ။

ကြမ်းပြင်ပေါ် ကျလာသော
အဝတ်အစားများသည် ခန္ဓာကိုယ်နှစ်ခုလုံး
အကာအကွယ် မဲ့သွားသည့် အဓိပ္ပာယ်များပင်။

လည်တိုင်ကို ဖက်ထားရင်းဖြစ်စေ၊
ကျောပြင်ကို ကုတ်ခြစ်လာခြင်းဖြစ်စေ
သူပေးသော နာကျင်မှုကို အံတုနေသော
ကိုကို့ မျက်နှာလှလှလေးကို အနမ်းများလည်း
မစဲ ကြဲချရင်း၊ယစ်မူးစွာ ရယူပြီးရင်း ရယူနေခဲ့မိသည်။

Swiss ၏ ညကောင်းကင်ယံထက်၌လည်း
လမင်းကြီးသည် ထိန်ထိန်သာနေပြီး၊ကြယ်တာရာလေးများကလည်း မှိတ်တုပ်၊မှိတ်တုပ် လင်းလက်နေသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now