💘 Part-22 💘

Start from the beginning
                                        

"ရရဲ့လား?ရေသောက်ဦးမလား?"

Yoongi ၏ အမေးကို အဆင်ပြေကြောင်း
ခေါင်းငြိမ့်ကာ ပြလိုက်သည်။

"ကိုကို တကယ် အဆင်ပြေလား?"

"အင်း...ပြေတယ်။သီးသွားရုံလေးပဲ "

သူ့ကို စိတ်ပူနေသော မျက်လုံးဝိုင်းလေးများနဲ့
ကြည့်နေသော ကောင်လေးအား
Jimin ပြုံးပြရင်း အဆင်ပြေကြောင်း ပြောရသည်။

"Jimin hyung ဖြေလို့ ရပြီလား?"

ခုချိန်ထိ ဇွဲသန်စွာ မေးနေသော
Taehyung ကို Jungkook ထုထောင်းချင်နေပြီဖြစ်သည်။ ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ လူ့ရှေ့သူ့ရှေ့ ‌ဒီလိုကိစ္စမျိုး ပြောပြရမှာ
ရှက်မိကြသည်မလား?ကိုကိုလည်း ရုတ်တရက်ကြီးဆိုတော့ လန့်ပြီး ရှက်သွားမှာ သေချာပါသည်။

"Tae....တော်ကြရအောင်။
အိပ်ကြစို့ "

"သောက်ချင်သေးတယ် "

"မရဘူး။လာ....ကိုယ် ပွေ့မယ် "

"အင်း ...ပွေ့ "

အပျင်းလေးသည် ပွေ့ခေါ်ပါမည်ဆိုမှ
လက်ကလေးများ ဆန့်တန်းပေးလာခဲ့သည်။
Taehyung ကို brindle style ချီပြီးသည့်နောက်
Jungkookနဲ့  jimin ကို နှုတ်ဆက်ကာ
အိမ်ထဲက သူနေသော အခန်းဆီ ဝင်ခဲ့တော့သည်။

"ကိုကို "

"ဟင်"

"ခနက taehyung မေးတာကို ရှက်သွားတာလား?"

"အင်း "

သူတို့နှစ်ယောက်သာ ရှိနေသော
စကားဝိုင်းလေးက ရင်ခုန်သံများ အပြည့်နဲ့ပင်။

"ကိုကို အဲ့လို မရှက်အောင် ဖြေရှင်းတဲ့ နည်းရှိတယ်သိလား?"

"ဟင်...မဖြစ်နိုင်တာကြီး "

"မယုံရင် ကျွန်တော် စမ်းပြရမလား?"

"ဘယ်လိုမျိုးလဲ?"

မထင်မရှား ပါးချိုင့် လေး ပေါ်အောက် ပြုံးရင်း
ရုတ်တရက် သူ့ကို ပွေ့ချီလိုက်သော Jungkook ကြောင့် jimin. လန့်ကာ လည်တိုင်ကို အတင်းဖက်လိုက်ရသည်။

"ဘာလုပ်မလို့လဲ!?"

"မရှက်အောင် ဖြေရှင်းတဲ့နည်း ပြမလို့ "

ပြောကာ အိမ်ထဲ ဝင်ပြီး
အိမ်ပေါ်ထပ်က လှေကားများ‌ပေါ် တက်သွားသည်မို့ Jungkook လက်ထဲက jiminလည်း အလိုက်သင့်လေးပင်  ငြိမ်ငြိမ်လေးသာ နေလိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now