💘 Part-22 💘

Start from the beginning
                                        

"အဲ့ကောင်ကလေ...အရမ်းတုံးတာ။
ကျောင်းမှာ သူ့ကို ကြွေနေတဲ့ ကောင်မလေးတွေ
အများကြီးကို ပြန်မကြိုက်ဘူးဗျာ။မကြိုက်တောင် အထာလေးပေးဆိုလည်း မပေးဘူးဗျ။
သူ့ကို crush နေတဲ့ ကောင်မလေးတွေက ကျွန်တော်တို့ ကျောင်းရဲ့ ဒိတ်ဒိတ်ကြဲလေးတွေ။သိလား?"

"................."

"ဒါပေမယ့် အဲ့ကောင်က jimin hyung နဲ့ တွေ့မှ
အရည်ပျော်ကျသွားတာ။ကျွန်တော်ဖြင့် အံ့ဩနေမိရော "

အားလုံးသည် Jungkook ရဲ့ အကြောင်းမို့
စိတ်ဝင်တစားပင် နားထောင်နေကြသည်။

"ဟီး!!ပြောစမ်းပါဦး။ကျွန်‌တော့် သူငယ်ချင်းကြီးက hyung ကို ဘယ်လိုတွေ ချစ်ရေးဆိုခဲ့လဲဆိုတာ "

Taehyung ၏ အမေးကို ကြားပြီးသည်နှင့်
Jimin မျက်နှာလေး ပြုံးစစဖြစ်သွားကာ
ကောင်လေး သူ့ကို ပထမဆုံး ချစ်ရေးဆိုခဲ့သည့်
ပါတီပွဲက အကြောင်းကို တွေးမိသွားသည်။အရမ်းရင်ခုန်ခဲ့ရသည်မလား?

"Taehyung !မင်း အဲ့တာတွေ မမေးနဲ့ "

Jungkook ရဲ့ အသံ ခပ်ရှရှက မကြည်သလို ထွက်လာသည့်အခါ taehyung က ပြီတီတီ မျက်နှာပေးလေး လုပ်ရင်း

"အဟွန်း!!ရှက်တာလား?
ထားပါ။ထားပါ  ..ဒါဆို တခြားဟာ မေးမယ် "

Yoongi ကတော့ ဝိုင်ကို ဆက်မသောက်တော့ပဲ
Taehyung ကိုသာ ကြည့်နေခဲ့သည်။jimiလည်း
ဝိုင်ခွက်ကို မော့သောက်ရင်း taehyung စကားအလာကို စောင့်နေလိုက်သည်။jungkookကတော့ အရစ်ရှည်ပြန်ပြီဆိုတဲ့  ပုံစံမျိုးနဲ့  ကြည့်နေခဲ့သည်။

"Hyung တို့ တူတူ အိပ်ပြီးကြပြီလား?"

"ဖွီးး!!!အဟွတ်....အဟွတ် "

ပါးစပ်ထဲကနေ  လည်ချောင်းထဲ မရောက်သေးသော ဝိုင်တွေပင် ပြန်ထွက်ကာ jimin ရှက်မိရင်း
သီးသွားရသည်။

"ကိုကို!!ကျွန်တော် သုတ်ပေးမယ်"

နီးနီးနားနားတွင် သုတ်စရာ တစ်ရှူးလည်း
အရန်သင့် မရှိတာမို့ Jungkook သူဝတ်ထားသော တီရှပ် အင်္ကျီလေးကို ချွတ်ကာ
ဝိုင်များ ပေပွသွားသော ကိုကို့ အင်္ကျီ ရင်ဘတ်များနဲ့ ဘောင်းဘီနေရာများကို သုတ်ပေးလိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now