Jimin hyung က စိတ်မကောင်းသော မျက်နှာလေးနဲ့ ပြောလာတာမို့ taehyung ပြုံးပြရင်း
"ရပါတယ်။အပန်းကြီးတာမှ မဟုတ်ပဲ။
ပြီးတော့ ခုလို အပြောလေးနဲ့တင် ကျေနပ်ပါတယ်။တချို့တွေလို သူများလုပ်ပေးတဲ့ဟာ
အရန်သင့် ထိုင်စား တတ်တဲ့ သူတွေ ထက်စာရင်
Jimin hyung က အများကြီးသာတယ်"
သေချာပေါက် သူ့ကို ပြောနေမှန်း သိသော်လည်း
Jungkook ခွန်းတုံ့မပြန်မိပါ။jimin ကတော့
Taehyung ကိုကြည့်ကာ ရယ်နေခဲ့သည်။
Yoongi မှာလည်း မနေနိုင်၊မထိုင်နိုင် Jungkook ကို သွားသွားစနေသော taehyung ၏
ပုံစံလေးကို ပြုံးပြုံးလေးသာ ကြည့်နေခဲ့သည်။
Jungkook မပြောဖြစ်လိုက်ပါ။min yoongi နားကို တဝဲလည်လည် လုပ်နေရင်းနဲ့ပဲ အချိန်ကုန်သွားတာ မင်းပါလို့ ပြောပြလိုက်ချင်ပေမယ့်
မပြောဖြစ်ခဲ့ပါ။သူကသာ အရန်သင့်စားတာကို။
"ကဲ!အ့ဆို အကိုတို့ရဲ့ ပျော်ရွှင်စရာ ခရီးစဉ်လေးအတွက် cheers!!!!"
Jimin မှ ဦးဆောင်ကာ ဝိုင်ခွက်ကို ပြောရင်း
ကိုင်မြှောက်တော့ ကျန်သုံးယောက်ပါ ခွက်ချင်း တိုက်ပြီး cheers လုပ်ကြသည်။
ဝိုင်လေးသောက်လိုက်၊အသားကင်လေးစားလိုက်နဲ့ အချိန်သည် ညပင် တဖြေးဖြေးနက်လာခဲ့သည်။ကိုယ်စီ အကြောင်းအရာများကို လည်း
ဟိုဟို၊ဒီဒီပြောကြရင်း စကားသံလေးများသည် ရပ်ဆဲမသွားသေးပေ။သို့သော် အားလုံးသည် အနည်းငယ်တော့ ရေချိန်ကိုက်နေကြပြီ ဖြစ်သည်။
"Jimin hyung သိလား?ကျွန်တော် အရင်က
ကိုယ့်ကိုကိုယ် မိန်းကလေးပဲ စိတ်ဝင်စားတယ်ထင်ခဲ့တာ.........တကယ်တော့ မဟုတ်ဘူးသိလား?ကျွန်တော် ဟောဒီက min Yoongi ကြီးကို
သောက်ရမ်း ချစ်မိသွားတာ "
မျက်ခွံလေးများ မှေးချရင်း အနည်းငယ် လျှာလိပ်ချင်နေသော လေသံနဲ့ ပြောလာသော
Taehyung စကားကို jimin က ခေါင်းလေးငြိမ့်ပြရင်း ထောက်ခံရှာသည်။min yoongi ကတော့
အသည်းယားစွာ ပြုံးရယ်ရင်း taehyung ၏
ပါးလေး တစ်ဖက်ကို ဖဲ့ကိုင်သည်။jungkookကတော့ ခပ်တည်တည်လေးသာ ဝိုင်သောက်ရင်း နားထောင်နေသည်။
"Jungkook ....."
သူ့နာမည်ကို အစချီပြီး ဆက်မပြောသေးသော
Taehyung ကြောင့် အားလုံးသည် ထပ်ထွက်လာမယ့် စကားကိုသာ စိတ်ဝင်တစား နားစိုက်ထောင်နေကြသည်။
💘 Part-22 💘
Start from the beginning
