💘 Part-22 💘

Start from the beginning
                                        

ရေချိုးခန်းထဲက jimin မှာလည်း
Bath-tub ထဲ ရေစိမ်နေရင်း မျက်နှာလေးရဲနေခဲ့သည်။မရဲပဲနေမလား?အပေါ်ပိုင်းဗလာနဲ့
သူ့ကို ရွှန်းရွှန်းစားစားတွေ စိုက်ကြည့်နေခဲ့တဲ့
ကောင်လေးအကြည့်တွေက ရင်လည်းခုန်စေသလို၊ရှက်စိတ်ပင် ဝင်ခဲ့မိသည်။တကယ်ပါ သူ့ရဲ့
အင်ဂျင်နီယာလေးက သူ့ကို တစ်နည်းပြီး တစ်နည်းနဲ့ ဆွဲဆောင်နေခဲ့သည်။

"ကိုကို "

ရေချိုးခန်းတံခါးကို ခေါက်ပြီး
ခေါ်လာတာမို့ jimin အထဲကနေသာ အသံပြန်ပေးလိုက်သည်။

"အင်း... Jungkook ပြောလေ "

"ပြီးရင် အောက်ထပ် ဆင်းခဲ့နော် ။
ကျွန်တော် သွားနှင့်မယ် "

"အင်း အင်း "

ကိုကို့ကို အသိပေးပြီးသည်နှင့် အခန်းတံခါး ဖွင့်ကာ ထွက်ခဲ့တော့သည်။

"Jimin hyung ရော ?"

ခြံထဲ ဆင်းလာသော Jungkook ကို မြင်သည့်အခါ taehyung က မေးလာသည်။yoongi က
ညနေက ဝယ်လာသော အသားများကို ကင်စက်ပေါ်တွင် တင်ကာ နူးအိအောင် ကင်နေသည်။taehyung ကတော့ ဟိုယောင်ယောင်၊ဒီယောင်ယောင်နဲ့ yoongi အနား ဝဲကာ နေသည်။

"ရေချိုးနေတာ။ခနနေ ဆင်းလာမှာ "

"အင်း...."

Jungkook လည်း စားပွဲဝိုင်းလေးပေါ်တွင်
လေးယောက်စာ ပန်းကန်နဲ့ ဖန်ခွက်အချို့ကို နေရာချပေးနေလိုက်သည်။yoongi ကင်နေသော
အသားများလည်း ကျက်သည့်အခါ စားပွဲဝိုင်းအလည်တွင် ပန်းကန်ပြားအကြီးနဲ့ ချထားလိုက်သည်။နောက် ဝယ်လာသော ဝိုင်ပုလင်းများကို
အရန်သင့်သောက်ရန် အဖုံးများ ဖွင့်ထားလိုက်သည်။ထို့နောက်တွင်တော့ သူတို့သုံးယောက်
နေရာကိုယ်စီယူကာ ကိုကို အလာကို စောင့်နေလိုက်ကြသည်။

"စနေကြပြီလား?"

မကြာခင်မှာပဲ အနားရောက်လာသော
ကိုကို့ အသံလေးနဲ့အတူ ဆပ်ပြာနံ့သင်းသင်းကလေးကိုပါ ရလိုက်သည်။သူ့အနား လာထိုင်သော ကိုကို့ရဲ့ မျက်နှာလေးက  ကြည်လင်ကာ
ရှင်းသန့်နေသည်။

"မစသေးဘူး ......hyung ကို စောင့်နေတာ "

"ဟုတ်လား?အားနာစရာတွေ ဖြစ်ကုန်ပြီ "

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now