💘 Part-22 💘

Start from the beginning
                                        

"......."

"ကိုကို "

သုံးခွန်းမြောက်မှာတော့ ကိုကို့မျက်ခွံလေးများ
စတင်လှုပ်ရှားပြီး ဖြေးဖြေးချင်း ပွင့်လာခဲ့သည် ။

"ဟင်"

မျက်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရသည်က
သူ့ဘေးက မွေ့ယာကို လက်နှစ်ဖက် ထောက်ပြီး
သူ့မျက်နှာကို နီးကပ်စွာ အုပ်မိုးရင်း
ကြည့်နေပါသော ကောင်လေး။မျက်လုံးရဲ့ အကြည့်တို့က အောက်ဘက်ကို နယ်ဆန့်မိသည့် အချိန်မှာတော့ ခါးတွင် တဘတ်တစ်ထည်သာ
ပတ်ထားပြီး အပေါ်ပိုင်း ဗလာဖြစ်နေသော
ကောင်လေးက ယခုအချိန်အထိ သူ့ကို
ရွှန်းစားသော မျက်လုံးများနဲ့စိုက်ကြည့်နေ‌ဆဲ။
Jimin ရင်ထဲ လှိုက်ဖိုသွားမိသည်။ရင်ခုန်ရပါသည်။ထိုကောင်လေး နှုတ်ဖျားက သူ့အတွက်
ရည်ရွယ်သော ချစ်စကားလေးများ ကြားရရင်
အရမ်း သဘောကျရသည်။သူ့ကို နူးညံ့စွာ ထိတွေ့သော ထိုကောင်လေးရဲ့ အထိအတွေ့များကိုလည်း အရမ်းမြတ်နိုးရသည်။

"ဘာ..ဘာလုပ်မလို့လဲ ?"

ရင်ခုန်စိတ်ကြောင့် စကားတွေပင် ထစ်နေသော
Jimin ကို ကြည့်နေသော Jungkook မျက်လုံးများထဲ ကြင်နာခြင်း အပြည့်နဲ့ပင်။

"စဉ်းစားလေ...ခါးမှာ တဘတ်တစ်ထည်လေးပဲ
ပတ်ထားပြီး အဝတ်မကပ်တဲ့ ခန္ဓာက်ိုယ်နဲ့
ကိုကို့ အနား ရောက်နေတာ ဘာလုပ်မယ် ဖြစ်နိုင်လဲ ?"

"Jungkook နော်..."

"ဖြေလေ။ဘာလုပ်မယ် ထင်လဲ "

"ဟင့်အင်း "

"အဟင်း! ထတော့
ရေချိုးလိုက်ဦး။ပြီးရင် အိမ်ရှေ့က မြက်ခင်းပြင်မှာ စားသောက်ပွဲရှိတယ် "

"တကယ် "

"အင်း "

ထိုသို့ ပြောလိုက်မှ ကုတင်ရဲ့ တခြားတစ်ဖက်ကို
သူ့ကိုယ်သေးသေးလေးကို တစ်ပတ်
လှိမ့်လိုက်ပြီး ခြုံထားသော စောင်ကို ဖယ်ကာ
ထိုဘက်ကနေပဲ ဆင်းကာ ရေချိုးခန်းထဲ ဝင်သွားသော ကိုကို့ ပုံစံကိုကြည့်ကာ Jungkook ရယ်နေမိတော့သည်။သူရှိနေတဲ့ ဘက်ကနေ ဆင်းလို့ ရသော်လည်း မဆင်းပဲ တခြားတစ်ဖက်က ဆင်းသွားသည်ကတော့ ကိုကိုသာလျှင် သိပါလိမ့်မည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now