💘 Part- 19 💘

Start from the beginning
                                        

"ကျွန်တော်က ကြေးကြီးတယ်"

"ရပါတယ်....ဘယ်လောက်နေနေ "

"ငွေနဲ့ မဟုတ်ပဲ တခြားအရာနဲ့ ဆိုရင်ရော ?"

"ပြောကြည့်လေ."

"ကိုကို့ အချစ်တွေနဲ့ ကျွန်တော့်ကို ဝယ်"

စကားတတ်‌နေသော ကောင်လေးကို ကြည့်ကာ
Jimin ရှက်ပြုံးလေး ပြုံးမိတော့သည်။
စားခဲ့ဖူးတဲ့ မနက်စာတွေထဲမှာ  ကောင်လေးနဲ့ တူတူ စားခဲ့ရသော မနက်စာက အရသာအရှိဆုံးပင်။

...............................................................................

"ကိုကို ကျွန်တော် မေးတာ မဖြေရသေးဘူး"

"ဟော...ဖြေဖို့ လိုသေး လို့လား?"

"လိုတာပေါ့။ကျွန်တော် ကြားချင်တယ် "

မနက်စာ စားဝိုင်းတုန်းက ပြောခဲ့သော
စကားကို အမောင် Jungkook က ခု နေ့လည်ခင်းရောက်ချိန်ထိ မေးနေတုန်းပင်။

"ဖြေပါဆိုဗျာ "

"အကို့ရဲ့ အချစ်တွေ အားလုံးကို မင်းဆီ ပေးထားပြီးပြီပဲ။ပေးစရာ ဘာမှမရှိတော့ဘူး "

"မရှိဘူးလို့ မပြောနဲ့လေ။ပိုချစ်ပေး
တစ်ရက်ပြီး တစ်ရက် တိုးလာတိုင်း ကျွန်တော့်ကိုလည်း ပိုချစ်ပေးလေ။အဲ့လိုဆိုရပြီ "

"ဟုတ်ပါပြီ။ပိုပို ချစ်သွားပါ့မယ် "

သူပြောလိုက်မှ သွားတန်းကလေးများ ပေါ်အောင် ပြုံးရယ်နေသော ကောင်လေးကို
သူတကယ် မြတ်နိုးရင်း ပိုတိုးချစ်ရပါသည်။

"လုပ်!စကားများမနေနဲ့။ဒါပြီးရင် အိမ်ပြန်လိုက်ဦး။မင်းမေမေ သိရင် ဆူခံနေရဦးမယ် "

"Taehyung ဆီပဲ နေနေတာလို့ ပြောထားတယ် "

"အဲ့လိုတော့လည်း မဟုတ်သေးဘူးလေ။
ညကတည်းက ခုထိ အိမ်မပြန်ရသေးဘူးဆိုတော့
မင်းမေမေလည်း ဘယ်စိတ်ကြည်ပါ့မလဲ?"

"ကိုကို နှင်နေတာလား?"

"မရစ်စမ်းနဲ့ Jungkook ...
ဖြစ်နိုင်ရင် တစ်သက်လုံးတောင် ခေါ်ထားလိုက်ချင်တာ"

"ခေါ်ထားလိုက်တော့လေဗျာ "

ကိုကို့ရဲ့ မျက်စောင်းမမည်သလို အကြည့်လေး
လက်‌ဆောင် ရလိုက်ပါသည်။ထိုအခါမှ Jungkook လည်း လက်ထဲက ဖုန်စုပ်စက်ကို
ကြမ်းပြင်ပေါ်ချပြီး ကြက်မွှေးတစ်ချောင်းနဲ့
ကိုကို့အနားသွားပြီး ကိုယ်ငယ်လေးကို မြတ်နိုးစွာ ဖက်လိုက်သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now