💘 Part- 19 💘

Comincia dall'inizio
                                        

"ကိုကို "

"....."

"ကိုကို "

"အင်"

"ထတော့.....မနက်စာ စားရအောင် "

"အင်း "

"ရေချိုးခန်းထဲမှာ တဘတ်ရော၊သွားတိုက်ဆေးရော အရန်သင့် ထည့်ပေးထားတယ်။ပြီးရင် ထွက်ခဲ့နော်။အပြင်က စောင့်မယ် "

"Jungkook "

"အင်း"

"Morning kiss "

မျက်လုံးမဖွင့်သေးပဲ ငုတ်တုပ်ထိုင်လျက်ကလေး အိပ်ချင်မူးတူးလေးလို
ပြောနေသော ကိုကို့ ပုံစံလေးကို ကြည့်ကာ
သဘောကျစွာ ရယ်ပြီး နှုတ်ခမ်းဖူးဖူးလေးကို
အသံ မြည်အောင် တစ်ချက် ဖိကပ်နမ်းလိုက်သည်။

"ကျေနပ်ပြီလားဗျ"

ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြလာသည်ကလည်း ချစ်စဖွယ် အတိပါပဲ။

"အပြင်က စောင့်နေမယ် "

"အင်း "

ကိုကို့ကို ပြောပြီးသည်နှင့် ညက သူဝတ်ခဲ့သော အဝတ်အစားများကို အိတ်တစ်လုံးထဲ ထည့်ပြီး
အိမ်ရှေ့ခန်းက ဆိုဖာခုံတွင် ဖုန်းသုံးရင်း ထိုင်စောင့်နေလိုက်သည်။

"Jungkook "

ကိုကို့ ခေါ်သံကြားသည်နှင့် သုံးလက်စ ဖုန်းကို
ဆိုဖာပေါ်မှာပဲ ထားခဲ့ပြီး ကိုကို့အနား သွားလိုက်သည်။

"လာ!ကျွန်တော် တတ်သလောက်တော့ ပြင်ပေးထားတယ် "

ကိုကို့လက်ကလေးကို ဆွဲရင်း
Kitchen counter ဘက် သွားလိုက်သည်။နောက်
ကိုကို့ကို ထိုင်ခုံတစ်ခုတွင် အရင် နေရာပေးလိုက်ပြီး သူကတော့ ကိုကိုနဲ့ မျက်နှာချင်းဆိုင်က ခုံတွင် ဝင်ထိုင်လိုက်သည်။

"ကိုကို ကြိုက်ရဲ့လား?"

မိမိရှေ့က မနက်စာ ကို ကြည့်ကာ
Jimin သဘောတကျ ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်။

"မင်း လက်ရာဆိုတဲ့ အသိနဲ့တင်
အကို အားလုံးကို ကြိုက်လောက်မယ်ထင်တယ် "

"ဒါဆို ကောင်းကောင်းစားပါဗျ"

"အကို့ရဲ့ ကိုယ်ပိုင် စားဖိုမှူးလေး လုပ်ပေးမလား?"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Dove le storie prendono vita. Scoprilo ora