"အင်း "
တိတ်ဆိတ်သွားသော အခြေအနေကြောင့်
Jungkook မနေတတ်တော့ပေ။အကို ဘယ်လိုတွေ တွေးနေမိမလဲ?
"ကိုကို "
"အင်း "
"စိတ်ဆိုးသွားတာလား?"
"မဆိုးပါဘူး "
"ဒါဆို ဘာလို့ အသံတိတ်သွားတာလဲ?"
"တွေးနေမိတာ။အကိုနဲ့ မင်းနဲ့ ဆက်ဆံရေးအကြောင်းကို မင်းမေမေ လက်ခံပေးပါ့မလားဆိုတာ။ပြီးတော့ အကိုက ယောင်္ကျားလေးတစ်ယောက်ဖြစ်နေ-"
"တော်ပြီ ....ဆက်မပြောနဲ့တော့"
လက်မောင်းပေါ် တင်ထားသော
ကိုကို့ ခေါင်းလေးကို ခေါင်းအုံးဖြူဖြူထက် ချလိုက်ရင်း သူကိုယ်တိုင်ကတော့ ဘေးတစောင်းအနေအထားနဲ့ ကိုယ်ကိုကြွကာ ကိုကို့ကို
မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။မှိုင်းပြနေသော ကိုကို့ မျက်လုံးများထဲ ဝမ်းနည်းနေမှုတွေကို အတိုင်းသား မြင်နေရသည်။
"ကိုကို"
"........"
"ကျွန်တော် ပြောတာ သေချာနားထောင်နော်။
ခုချိန် မေမေ့ကို ဖွင့်မပြောသေးလို့ဆိုတာ ကိုကို့ကို မချစ်လို့ မဟုတ်ဘူး။ကိုကို တွေးခဲ့သလို
မေမေက ကျွန်တော်တို့ နှစ်ယောက်ကို လွယ်လွယ်နဲ့ လက်ခံပေးမှာ မဟုတ်ဘူး။အဲ့တာကို ကျွန်တော်လည်း သိတယ် "
".........."
"ဒါပေမယ့် တစ်နေ့ကျရင် ကိုကို့လက်ကို ဆွဲပြီး
မေမေ့ရှေ့ ကျွန်တော် ကိုယ်တိုင် ဖွင့်ပြောမှာ။
မေမေလက်မခံပေးလည်း လက်ခံတဲ့အထိ ပြောနေမှာ"
".........."
"မေမေ လက်မခံခဲ့ရင်တောင် ကျွန်တော့်အချစ်က ဘယ်တော့မှ နောက်မဆုတ်ဘူး။ကိုကို့လက်ကို ကျွန်တော့်ဘက်က စပြီး ဘယ်တော့မှ လက်မလွှတ်မိစေရဘူး။ ဒါ ဘဝမှာ ကျွန်တော်ချစ်တဲ့ ကိုကို့ကို ပေးတဲ့ ပထမဆုံး ကတိပဲ။အဲ့ကတိကို သံသရာတစ်ဆုံးထိ တည်နေပါ့မယ် "
".........."
"ကိုကို ဘာလို့ မျက်ရည်တွေ ဝဲနေရတာလဲဗျာ?"
မျက်ရည်စလေးများ ရစ်သီနေသော ကိုကို့မျက်လုံးလေးများကို လက်မဖြင့် အသာအယာ
သုတ်ဖယ်ပေးရင်း မျက်ခွံလေးများကိုပါ နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်သည်။
💘 Part- 19 💘
Start from the beginning
