"အရမ်း ဆိုးလာတာပဲ "
"ချစ်လို့လေဗျာ"
တီ တီ တီ
ချစ်ကြည်နူးနေစဉ် ဖုန်း ringtone သံကြားရတာမို့
ကိုကို့ကို ရင်ခွင်ထဲ ထည့်ထားရင်းပင် ဖုန်းကို
လှမ်းယူကာ ကြည့်လိုက်တော့ taehyung ဆီကပင်။
"ပြော"
"မင်း ဘယ်မှာလဲ ?"
"ကိုကို့အိမ်မှာ ..."
"ဘာ!"
"ကိုကို့ အိမ်မှာပါဆို။ဘာကို ဘာလဲ?"
"ထင်တယ် ။မင်း jimin hyung အိမ်မှာဆိုလည်း မင်းရဲ့ မာမီကို အကြောင်းတော့ ကြားလေကွာ။ခုတော့ ငါ့မှာ လှည့်ပတ်လိမ်နေရတယ်"
"မေမေ မင်းဆီ ဖုန်းဆက်တာလား?"
"ဆက်တာပေါ့ကွ။မင်းညက အိမ်ပြန်မလာလို့
ငါ့ဆီမှာလားလို့ လှမ်းမေးတာ "
"အဲ့တော့ မင်း ဘယ်လို ဖြေလိုက်လဲ?"
"အစတော့ ကြောင်နေမိတာပေါ့။ပြီးမှ jimin hyung ဆီ ရောက်နေမယ်ထင်လို့ ငါ့အိမ်မှာပဲ
ညအိပ်တာလို့ ပြောလိုက်တာ "
"အင်း...ကျေးဇူးပဲ "
"ကျေးဇူးတင်ခံချင်လို့ မဟုတ်ဘူးကွ။
နောက်ခါ မင်းမေမေကို မပြောတောင်
ငါ့ကိုတော့ အကျိုးအကြောင်းလေး ပြောဦး။
မင်းအတွက်ပြောနေတာ "
"အင်း.....နောက်ခါ ပြောပါ့မယ်ကွာ "
"အေး...အ့ဆိုလည်း ဒါပဲလေ။
Jimin hyung နဲ့ အချိန်ဖြုန်းလိုက်ဦး "
"အင်း .....နောက်ရက် မင်း အိမ်လာခဲ့မယ်"
"အေးအေး "
Taehyung နဲ့ ဖုန်းပြောပြီးသည်နှင့်
ဖုန်းကို အိပ်ယာဘေးက စားပွဲပေါ်သို့ တင်လိုက်သည်။
"Taehyung လား?"
"အင်း "
"ဘာတဲ့လဲ?"
"မေမေ သူ့ဆီ ဖုန်းဆက်တာ လှမ်းပြောတာ "
"မင်းကို လှမ်းမေးတာ ထင်တယ်။မပြောခဲ့ဘူးလား?မင်း မေမေကို "
"Taehyung ဆီသွားမယ်လို့ပဲ ပြောခဲ့တာ"
"အကိုတို့ အကြောင်းကို မင်း မေမေကို မပြောပြရသေးဘူးပေါ့ "
💘 Part- 19 💘
Start from the beginning
