"ကိုကို "
"ဟင်"
"ရှေ့လျှောက် ကိုကို လို့ပဲ ခေါ်မယ်။
သဘောကျတယ်မလား?"
"အင်း။သဘောလည်း ကျတယ် ....
အရမ်းလည်း ရင်ခုန်ရတယ် "
သူထိုသို့ ပြောတော့ သေချာပေါက်
သူ့ရဲ့ အင်ဂျင်နီယာလေးက သိပ်မထင်ရှားတဲ့
ပါးချိုင့်သေးသေးလေးတွေ ပေါ်အောင် ပြုံးနေပါလိမ့်မည်။
"မယုံနိုင်သေးဘူး....ကိုကို့ကို အလုံးစုံ ပိုင်ဆိုင်လိုက်ရပြီ ဆိုတာ "
ထိုစကားလေးကြောင့် Jimin ပြုံးမိကာ
အင်ဂျင်နီယာလေး၏ မျက်နှာချောချောအား
မော့ကြည့်ရင်း
"ဒါက အကို မင်းကို ပေးနိုင်တဲ့ အရာအားလုံးပဲ
Jungkook ။မင်းနဲ့ တစ်ညတာ အတူတူ ဖြတ်သန်းပြီးတာဟာ ပိုင်ဆိုင်ခြင်း ပြယုဂ်တစ်ခုဆိုရင် အကို့ကို မင်း ပိုင်တယ်။ ပြီးတော့ ဘယ်တော့မှ အကို့ကို ထားခဲ့ဖို့ မတွေးပါနဲ့"
မော့ကြည့်ကာ ပြောနေသော ကိုကို့မျက်နှာလေးကို ကြည့်ရင်း နဖူးပြင်အား တစ်ချက် ငုံ့နမ်းလိုက်သည်။
"ကျွန်တော့်ကို ကြည့်ပါဦး။ ဖြတ်သန်းလာတဲ့
သက်တမ်းတစ်လျှောက်မှာ ကျွန်တော် ဘယ်သူ့ကိုမှ ရင်မခုန်ခဲ့ဖူးဘူး ကိုကို ။အဲ့တာတော့ ကိုကို ယုံပေးပါ"
ကိုကိုသည် လှလှလေး ပြုံးပြရင်း ခေါင်းလေး ငြိမ့်ပြသည်။
"ယုံပါတယ် "
"ကိုကို ကျွန်တော့်ဘဝထဲ ဝင်လာမှ
အရာရာ ပြောင်းလဲခဲ့ကုန်တာ။ပြောရရင် ကိုကိုကပဲ ကျွန်တော့်ကို ချစ်တတ်လာအောင် သင်ပေးခဲ့တာ "
"အခု ချစ်တတ်သွားပြီပေါ့ "
"အချစ်တောင် လွန်နေပါပြီဗျာ......."
"စကားတွေ အရမ်းတတ်တာပဲ "
"ချစ်လို့လေ....ကိုကို့ကို အရမ်းတွေ ချစ်မိနေတာလေ "
သဘောကျစွာ ပြုံးရယ်နေသော ကိုကို့မျက်နှာ
နေရာ အနှံ့ အနမ်းများ ထပ်မံ ဖြန့်ချမိတော့
ရီသံ သေးသေးလေးများက ကိုကို့ အခန်းငယ်လေးထဲ ပြန့်နှံ့သွားခဲ့တော့သည်။
"တော်ပြီလေ "
"နမ်းရတာ အားမရဘူး။ကိုကိုနဲ့ အတူရှိချိန်တိုင်း
စကားတွေ အများကြီး ပြောမယ့် အစား
အနမ်းတွေပဲ ဆက်တိုက် ပေးချင်နေတာ "
💘 Part- 19 💘
Zacznij od początku
