မိမိလက်ထဲ လာပေးသော မိုက်ကို ယူကာ
ပရိသတ်ဘက် မျက်နှာမူထားရင်း အလှဆုံးပြုံးထားလိုက်သည်။
"ဟုတ်ကဲ့။အခုလို ဖျော်ဖြေခွင့်ရလို့လဲ
ကျွန်တော့်ဘက်က ပြန်ပြီး ကျေးဇူးတင်ပါတယ်ဗျ"
"ဟုတ်ကဲ့....အ့ဆို ကျွန်တော်တို့ jimin ကို
ဂုဏ်ပြုပန်းစည်းပေးရင်း နှုတ်ဆက်လိုက်ကြရအောင် ခင်ဗျ "
Jimin အတွက် ကျူးလစ်ပန်းအဖြူရောင်များနဲ့သာ အလှဆင်ထားသော ပန်းစည်းကို
ဝန်ထမ်းမလေး တစ်ဦးက ယူလာပေးသည်။
Jiminလည်း ကမ်းဆင့် ယူလိုက်ပြီး ပရိသတ်ဘက် တစ်ချက် ပြုံးပြပြီး ဦးညွှတ်နှုတ်ဆက်ပြီး စင်ပေါ်မှ ဆင်းခဲ့တော့သည်။
"မင်လေး"
"ဗျာ"
"ကိုယ်နဲ့ ခန လိုက်ခဲ့ပေးပါဦး။
မိတ်ဆက်ပေးစရာလေး ရှိလို့ "
"ဟုတ် "
ပန်းစည်းကို ဝန်ထမ်းတစ်ယောက်အား
ကားထဲသို့ သွားထားခိုင်းလိုက်ပြီး လူကတော့
Hyung ခေါ်ရာ ဝိုင်းကို လိုက်သွားလိုက်သည်။
Hyung သည် သူ့ရဲ့ စီးပွားဖက် မိတ်ဆွေများ ရှိရာ ဝိုင်းကို ခေါ်သွားပြီး jimin ကို မိတ်ဆက်ပေးခဲ့သည်။jimin ရဲ့ အနုပညာကို ချီးကျူးခန်းဖွင့်ကာ ပြောကြသည်မို့ အပြုံးလှလှလေး ပြုံးရင်းသာ တုံ့ပြန်ခဲ့ရသည်။
ထိုင်နေရင်း မလှမ်းမကမ်းက ဝိုင်းမှာ ရှိနေတဲ့
သူ့ရဲ့ အင်ဂျင်နီယာလေးဆီ ကြည့်မိတော့
သူရှိရာကို စူးရှသော မျက်လုံးများနဲ့ လှမ်းကြည့်နေခဲ့သည်။သဝန်တွေ တို နေပြန်ပြီ ထင်ပါသည်။
Jimin ကြည့်နေစဉ်မှာပဲ Jungkook နဲ့ ထိုင်ခုံ ကပ်လျက်ရှိနေသော မိန်းကလေးတစ်ယောက်က
Jungkook ကို ခေါ်လိုက်သည်ထင်။jungkookဘက်က ထိုကောင်မလေးဆီ
အကြည့်ရောက်သွားခဲ့သည်။နောက် ကောင်မလေးက ကိုယ်ကိုယိမ်းကာ သူ့ရဲ့ အင်ဂျင်နီယာလေး မျက်နှာနား ကပ်သွားပြီး
တစ်ခုခု ပြောနေပုံရသည်။jungkookက အပြုံးလေးနဲ့ ပြန်တုံ့ပြန်နေသည်။ထိုမြင်ကွင်းကို မြင်ပြီး
Jimin ရင်ထဲ တင်းကြပ်လာသည်။jungkookကို
မိန်းကလေးတစ်ယောက်နဲ့ တွဲမြင်ရသည့် မြင်ကွင်းက သူ့ရင်ကို ပူလောင်စေသည်။
💘 Part- 18 💘
Start from the beginning
