"အော်.. Jungkook ပါ ရောက်နေတာပဲ "
"ဟုတ်တယ်..hyung။
သူ့မေမေနဲ့ လိုက်လာတာ "
"ဟုတ်ပြီ။ပွဲချိန်ရောက်ပြီဆိုတာ လာပြောပေးတာ။ခနနေ ထွက်ခဲ့တော့နော် "
"ဟုတ်ကဲ့ "
Hyung ထွက်သွားသည်နှင့် ကောင်လေးဘက်လှည့်လိုက်ရင်း
"သွားကြစို့လေ ။ စတော့မှာတဲ့ "
"နမ်းရတာ အားမရသေးဘူး "
သွေးတိုးစမ်းကာ ပြောလာသော
ကောင်လေး စကားကြောင့် jimin နှုတ်ခမ်းများ ကွေးညွှတ်ရုံ ပြုံးပြီး
"ပွဲချိန်ပြီးရင် ကွန်ဒိုမှာ စောင့်နေမယ် "
ထိုစကား ပြောပြီး တံခါးဖွင့်ကာ ထွက်သွားသော
အကို့နောက် ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲရင်း ကျန်ခဲ့ရသူက အင်ဂျင်နီယာလောင်းလေး။
...........................................................................
"အခု အစီအစဉ်ကတော့ tango boy
Park jimin ရဲ့ ဖျော်ဖြေမှုပဲ ဖြစ်ပါတယ်။အားလုံးပဲ ခံစားကြည့်ရှု့လိုက်ကြရအောင် ခင်ဗျ "
MCရဲ့ စကားအဆုံး ခန်းမတစ်ခုလုံး အမှောင်ကျသွားပြီး stage တစ်ခုတည်းကိုသာ မီးအလင်း ထွန်းပေးထားသည်။
ပွဲလာသူ အားလုံးမှာ စိတ်ဝင်တစားပင်
ကြည့်နေခဲ့ကြသည်။မကြာ နောက်ခံဖွင့်ထားသော တေးသွားနဲ့ အညီ အဖြူရောင် ပုံရိပ်ကလေးကလည်း မြင်ကွင်းများရှေ့ နေရာယူလာခဲ့သည်။
လှသည်။လူပင် လှသည်မဟုတ်။
သူဖန်တီးသော ကကြိုးများမှာလည်း
ရူးလောက်အောင် လှသည်။လက်ချောင်းလေးတွေ ယှက်ဖြာ လှုပ်ရှားသွားလိုက်၊ခြေဗလာလေးနှစ်ခုက ကြမ်းပြင်နဲ့ ဝေးကွာ သွားလိုက်။
ထို အချိန်များသည် အားလုံး၏ အကြည့်များ
မျက်တောင်ခပ်ဖို့ မေ့စွာပင် ကြည့်နေခဲ့ကြသည်။
ပြီးဆုံးသွားသော တေးသွားနဲ့ အတူ
လက်ခုပ်သံများကလည်း ခန်းမတွင်း တစ်ခဲနက်
ထွက်ပေါ်လာတော့သည်။
"ကျေးဇူးပါခင်ဗျ။အခုလို အကောင်းဆုံး ဖျော်ဖြေပေးတဲ့ jimin ကို ကျွန်တော်ကနေပဲ
တာဝန်ရှိသူများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ "
💘 Part- 18 💘
Comenzar desde el principio
