"အင့်!"
ကျောပေးလျက်အနေအထားမှ မျက်နှာချင်းဆိုင် အနေအထားသို့ ပြောင်းကာ နံရံဆီ ဖိကပ်ပစ်လိုက်ခြင်းကြောင့် အသံသေးသေးလေးပင် ထွက်မိသွားသည်။
Jungkook ရဲ့ အကြည့်များက စူးရှရီဝေနေခဲ့သည်။ထိုအကြည့်များကိုလည်း jimin စူးစိုက်ကြည့်နေခဲ့မိသည်။အကြည့်လွှဲပစ်ချင်စရာ မရှိဘူး။ကောင်လေးက အရမ်း ဆွဲဆောင်လွန်းနေခဲ့တာ။ဝတ်ထားသော အဝတ်အစားနဲ့ အရမ်းတွေလိုက်ဖက်ပြီး မျက်နှာချောချောက တစ်စက်ကလေးမှ ပစ်ချက်မရှိ ချောမောနေခဲ့သည်။
ဒီလို မိမိုက်တဲ့ ကောင်လေးက သူ့ကောင်လေး ဖြစ်နေခဲ့သည်။
စိုက်ကြည့်နေကြသော မျက်လုံးနှစ်စုံနောက်
ထပ်တူကျသွားသော နှုတ်ခမ်းနှစ်စုံက အနုပညာဆန်ဆန် လှုပ်ရှားသွားကြသလိုမျိုး၊အပေါ်အောက် တစ်လှည့်စီ စုပ်ယူလိုက်၊အကို့ရဲ့ ခံတွင်းနွေးနွေးထဲ နယ်ကျွံလိုက်နဲ့ အနမ်းပင်လယ် ဝေနေခဲ့ကြသည်။
"မင်လေး!အထဲမှာလား?"
Hyung ရဲ့ အသံသည် နားထဲ ဝင်လာသည်မို့
Jungkook ရင်ဘတ်ကို တွန်းသော်လည်း
နှုတ်ခမ်းများက သူ့နှုတ်ခမ်းဖူးထက်က ဖယ်ခွာမသွားသေးပဲ ပိုတိုးကာသာ နမ်းလာသည်။
"ဟင်းးး"
အသက်ရှုသံ ပြင်းပြင်းများပါ ကြားလာရသည့်အခါ အခြေအနေကို မြန်မြန် အဆုံးသတ်ဖို့
ကောင်လေး ရင်ဘတ်ကို အသာထုရတော့သည်။
"ရပ်...ပြွတ်စ်..ရပ်တော့ "
Jimin ပြောကာမှ နောက်ဆုံးပိတ် အားရအောင်
နမ်းပြီး လွှတ်ပေးသော ကောင်လေးသည် အရမ်း ဆိုးပါသည်။
"အရမ်း ဆိုးတာပဲ "
"ထပ်ဆိုး ပေးရမလား ?"
"တော်ပြီလေ။အပြင်မှာ hyung ရောက်နေပြီ "
ပြောရင်း အဝတ်လဲခန်းတံခါးဖွင့်ကာ jimin ထွက်ခဲ့တော့သည်။
"မင်လေး...ပြီးပြီလား?"
"ဟုတ်..ပြီးပြီ hyung "
Jimin နောက်က ထွက်လာသော Jungkook ကို မြင်သည့်အခါ ဒယ်ယန်းရဲ့ မျက်ခုံးများ အနည်းငယ် ပင့်သွားမိသည်။ထိုကောင်လေးက သူ့ကို ခပ်တည်တည်သာ စိုက်ကြည့်နေခဲ့သည်။
💘 Part- 18 💘
Start from the beginning
