💘 Part-16 💘

Start from the beginning
                                        

အကို့ရဲ့ ချစ်စဖွယ် ပုံစံလေးကြောင့်
Jungkook သဘောကျစွာ ပြုံးရင်း လက်အိတ်နှစ်ခုကို ယူကာ တစ်ခုချင်းစီ အကို့လက်လေးများကို စွတ်ပေးလိုက်သည်။

"အင့်!"

ပီဇာ အပိုင်းသေးတစ်ခုကို ယူကာ
Jungkook မျက်နှာရှေ့ ထိုးပေးလာသည်မို့
လက်နဲ့ တစ်ဆင့်မယူပဲ ရှေ့တိုးရင်းသာ
အကို ကိုင်ထားသော ပီဇာလေးကို စားလိုက်သည်။

"အယ်"

အကိုသည် အံ့ဩသွားသလို အသံသေးသေးလေး ထွက်လာသေးသည်။တကယ် ပုံစံတစ်မျိုးလေးနဲ့ ချစ်စရာကောင်းနေသော အကို့ကို
Jungkook ကြည့်ကာ အသည်းယားပြီးရင်း ယားနေရသည်။

"ကိုယ့်ဘာသာ မစားပဲ..."

"အကို ခွံ့ကျွေးတာပဲ စားချင်တာ "

အကိုသည် ပိုပြန်ပြီဆိုသည့် အကြည့်လေးနဲ့
ကြည့်သွားပြီး သူ့ဘာသာ ပီဇာ ဆက်စားတော့သည်။သူ့အာရုံနဲ့သူ ပီဇာ စားနေသော
အကို့ကို ဘေးက ထိုင်နေရင်း Jungkook ကြည့်နေမိသည်။အစားစားချိန်တိုင်း ဆူထွက်လာသည့်
နှုတ်ခမ်းဖူးအစုလေးက လူကို မရိုးမရွ ဖြစ်စေသည်။ပါးဖောင်းဖောင်းလေးတွေမှာလည်း
လှုပ်စိ၊လှုပ်စိလေးနဲ့ အသားကုန် နမ်းမွှေးပစ်ချင်စရာကောင်းသည်။

"အကို ....."

"အင်း "

"ပွနေတယ် "

"ဟင်..."

အကိုသည် လက်တစ်ဖက်က ပီဇာ ကိုင်ထားရင်းနဲ့ ကျန်လက်တစ်ဖက်နဲ့ သူ့ နှုတ်ခမ်းတစ်ဝိုက်ကို
သုတ်သည်။

"ကျွန်တော် သုတ်ပေးမယ် "

ထိုသို့ ပြောလိုက်တော့ ခေါင်းလေးငြိမ့်ပြပြီး
မျက်နှာလေး ရှေ့တိုးပေးလာသည်။jungkookလည်း အကိုနဲ့ မျက်နှာချင်းဆိုင် အနေအထားသို့ ကိုယ်ကို တစ်ချက်ပြင်လိုက်သည်။နောက်

ပြွတ်စ်

အကို့ နှုတ်ခမ်းဖူးတစ်စုံကို အသံထွက်ရုံ
နမ်းပစ်လိုက်တော့ လန့်သွားသည့် အကိုက
မျက်လုံးလေးတွေ ဝိုင်းလို့ပင်။

"မင်း..."

"အင်း....ကျွန်တော် "

"လိမ်တယ်ပေါ့"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now