💘 Part-16 💘

Start from the beginning
                                        

မင်းသားနဲ့ မင်းသမီး date ကြရင်း
နမ်းတော့မည့် အခန်းသို့ ရောက်လာခဲ့သည်။
မင်းသားသည် မင်းသမီး၏ မျက်နှာနားသို့ တိုးကပ်သွားရင်း မျက်လုံးချင်း ဆုံကာ ကြည့်သည်။နောက် မေးဖျားလေးမှ ဆွဲမော့ပြီး နှုတ်ခမ်းချင်း ဖိကပ်ရင်း နမ်းလိုက်သည်။

ရင်ခွင်ထဲက အကိုက‌တော့ ထိုမြင်ကွင်းကို
ပုံမှန်အတိုင်း ကြည့်နေနိုင်ပေမယ့် Jungkook ကတော့ မနေနိုင်ပါ။ကိုယ့်ရှေ့မှာ လာပြီး ro ပြနေသလို ခံစားရသည်မို့ အကြောတော့ မခံနိုင်။
အကို့ကို ပြန်နမ်းပြပါမည်။

"အကို "

"ဟင်"

Jungkook ဘက်က အတန်ကြာ တိတ်ဆိတ်နေတော့ ရင်ခွင်ထဲ ခေါင်းမှီနေရင်းမှ မော့ကြည့်လာသည်။မော့ကြည့်လာသော အကို့မျက်နှာလေးကို
ကြည့်ပြီး ခပ်ဖြေးဖြေး ငုံ့ကျသွားမိတော့ နားလည်သွားသလို အကို့ရဲ့ မျက်ခွံများ မှိတ်ကျသွားသည်။

ဇာတ်လမ်းထဲက မင်းသားနဲ့ မင်းသမီး၏ အနမ်းများ ရပ်တန့်သွားပေမယ့် ၊အကို့အပေါ် ကျရောက်နေသော Jungkook ရဲ့ အနမ်းများ မရပ်သွားသေးပါ။

တင်းတောင်

လူခေါ်ဘဲလ်၏ အချက်ပေးသံသည်
နမ်းနေသူနှစ်ဦးအား ရပ်တန့်သွားစေခဲ့သည်။
အကိုသည် Jungkook အနမ်းများကြောင့် စိုစွတ်နေသော သူ့နှုတ်ခမ်းဖူးများကို
လက်ခုံဖြင့် သုတ်ဖယ်ရင်း သူ့အနားမှ ပျာပျာသလဲ ထသွားသည်။jungkookကတော့
မရပ်တန့်ချင်ပဲ ရပ်တန့်ပေးလိုက်ရသည်မို့
‌ဆိုဖာထက်တွင် အောင့်သက်သက်ကြီး ကျန်နေခဲ့သည်။

မကြာသော အချိန်မှာပဲ အကို့လက်ထဲတွင်
Pizza box နှစ်ခုကိုင်ကာ သူ့အနား ပြန်လာထိုင်သည်။

"စားကြတော့မလား ?"

"အင်း "

အကိုသည် pizza box ကို ဦးစွာ ဖွင့်သည်။
နောက် သူ့အနားမှ ထသွားပြီး kitchen counter ဘက်သွားကာ ဝိုင်နဲ့ ဖန်ခွက်နှစ်ခုယူကာ ပြန်ရောက်လာသည်။

"စားကြစို့ "

တစ်ခါသုံး လက်အိတ်လေးနှစ်ခုပါ ယူလာသော အကိုက သူ့လက်ကို ယူကာ လက်အိတ်လေးနှစ်ဖက်ကို အသေအချာ စွတ်ပေးသည်။နောက် လက်အိတ်နှစ်ခုကို Jungkook လက်ထဲ ထည့်ပေးပြီး သူ့လက်လေးနှစ်ဖက်ကို Jungkook ရှေ့သို့
ဆန့်ပေးလာသည်။သဘောက သူ့ကို လက်အိတ်ပြန်စွတ်ပေးပေါ့။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now