💘 Part-16 💘

Start from the beginning
                                        

"ဟင်!"

Jimin ရဲ့ ရှက်ကိုးရှက်ကန်းနဲ့ အူလည်လည်လေး ဖြစ်သွားသည့် ပုံစံက Jungkook အား
သဘောခွေ့စေတော့သည်။

"အဟွန်း။ဆက်ကြည့်ဦးမယ်ဆို အဝတ်မဝတ်သေးဘူးလို့ "

"ဟင့်အင်း။မကြည့်ဘူးနော်...မကြည့်ဘူး "

မကြည့်ဘူးလို့သာ ပြောခဲ့ပြီး
အပြင်ထွက်ခါနီး ကောင်လေးရဲ့ အပေါ်ပိုင်းဗလာကျင်းပုံစံကို တစ်ချက် ကြည့်မိခဲ့သေးသည်။သူ့ရဲ့ အင်ဂျင်နီယာလေးက ရုပ်ရည်ပါ သန့်ပြန့်သည်မဟုတ်။ခန္ဓာကိုယ်သည်လည်း
အမိုက်စားပင်ဖြစ်သည်။

အခန်း အပြင်ရောက်သည်နှင့် တံခါးပေါက်ကို မှီကာ လေပူများ မှုတ်ထုတ်မိသည်။သူ့ရဲ့ အင်ဂျင်နီယာလေးက အရင်က အေးစက်သလောက် ယခုတွင်တော့ အမူအရာရော၊အပြောအဆိုများပါ ရဲတင်းလာသည့်အခါ
Jimin မနေတတ်စွာ ရှက်ရွံ့မိပါသည်။

Jungkook ကို စောင့်ရင်း remote control ယူကာ TV ကို ဖွင့်လိုက်ပြီး K drama တစ်ကားကို
ဖွင့်ကြည့်နေမိသည်။

Jimin ဇာတ်လမ်းတွဲကို အာရုံစိုက်နေစဉ်မှာပဲ
ဆိုဖာ တစ်ဖက်က အိကနဲ ဖြစ်သွားခြင်းကြောင့်
ကောင်လေး ရောက်လာပြီထင်သည်။

"ဗိုက်ဆာနေပြီလား?"

"မဆာသေးဘူး "

"အင်း။ခနနေ ပီဇာ လာပို့လိမ့်မယ်။
အဲ့ကျမှ တူတူ စားကြတာပေါ့ "

"အင်း "

"အကို "

"ပြောလေ "

"ဒီလာခဲ့..."

ဆိုဖာ လက်ရန်းကို ကျောမှီရင်း ထိုင်နေသူက
သူ့ရင်ခွင်ထဲ လာဖို့ jimin ကို ခေါ်သည်။jimin ပြုံးရင်း Jungkook ရဲ့ ရင်ဘတ်ကို မှီကာ TV ဆက်ကြည့်နေလိုက်သည်။

Jimin ကသာ ဇာတ်လမ်းကို စိတ်ဝင်တစားကြည့်နေမိပေမယ့် Jungkook ကတော့ ရင်ခွင်ထဲ ရောက်နေသော jimin ခေါင်းလုံးလုံးလေးကို ငုံ့နမ်းလိုက်၊လက်လေးကို ကိုင်နေရင်း နမ်းရှိုက်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့သည်။

Jungkook အကို့ကို ရင်ခွင်ထဲ ထည့်ထားရင်း
အကို စိတ်ဝင်တစားကြည့်နေသော ဇာတ်လမ်းကို သူပါ လိုက်ကြည့်မိသည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now