"ရေချိုးချင် ချိုးလိုက်နော်။ဗီရိုထဲမှာ အကိုနဲ့
ကြီးနေတဲ့ အဝတ်အစားတွေ ရှိတယ် "
Jungkook က ကျောင်းဝတ်စုံနဲ့ ဖြစ်နေသည်မို့
အကိုက သက်တောင့်သက်သာ ဖြစ်စေရန် ပြောလာခဲ့သည်။တကယ်လည်း Jungkook စိတ်ရော၊ကိုယ်ပါ လန်းသွားအောင် ရေချိုးပစ်ချင်သည်မို့
အကို့အခန်းထဲသို့သာဝင်ခဲ့တော့သည်။
အကို့ရဲ့ ရေချိုးခန်းလေးသည် ခပ်သင်းသင်းလေးနဲ့ စိတ်ကို လတ်ဆတ်စေသော ရနံ့လေးမွှေးနေသည်။အကို သုံးနေကျ ရေချိုးဆပ်ပြာရည်အနံ့ဖြစ်လိမ့်မည်။နံရံကို ကပ်တပ်ထားသော
Shelf ပေါ်တွင် ကြည့်လိုက်တော့ အကို သုံးနေကျ အသုံးအဆောင် ပစ္စည်းများကို တွေ့ရသည်။
တွဲခဲ့သည့် တစ်လျှောက် အကို့ ကွန်ဒိုတွင် ရေချိုးခြင်းက ပထမဆုံးမို့ ရင်တွေလည်း ခုန်နေပါသည်။အကို သုံးသည့် ပစ္စည်းလေးများကို
လိုက်ကြည့်ရင်း Jungkook သဘောကျနေမိသည်။အကိုက သူ့လိုပဲ soft ဖြစ်တဲ့ ရနံ့လေးများကို သဘောကျပုံရသည်။
ထို့နောက်တွင်တော့ သူ့ကိုယ်ပေါ်တွင် ရှိနေသော
အဝတ်အစား ဟူသမျှ အကုန်ချွတ်ကာ ရေချိုးရတော့သည်။
ခါးတွင် တဘတ်တစ်ထည်ပတ်ခဲ့ပြီး ရေချိုးခန်းထဲက ထွက်လာတော့ အကိုသည် ကျောပေးလျက်နဲ့ ဗီရိုထဲမှ သူ့အတွက် အဝတ်အစားထုတ်ပေးသည်ကို တွေ့ရသည်။
အကို့ရဲ့ ကျောပြင်လေးကို Jungkook ကြည့်နေစဉ်မှာပဲ အကိုသည် လှည့်လာခဲ့သည်။
"အော..ချိုးပြီးပြီလား?
ဒီမှာ အဝတ်အစား ထုတ်ပေးထားတယ်။
ဝတ်လိုက်နော် "
"အင်း "
Jungkook ရဲ့ အပေါ်ပိုင်း ဗလာကျင်းနဲ့ ပုံစံကို
ပထမဆုံး မြင်ဖူးသည်မို့ jimin တစ်ချက်ကလေးတော့ သတိလက်လွတ်ငေးကြည့်မိသွားသည်။
"အကို "
"ဟမ်"
"ဘာတွေ ဒီလောက် ကြည့်နေတာလဲ?"
"အမ်!ဘာမှ မဟုတ်ဘူး။ဘာမှ မကြည့်ဘူး "
Jungkook က ပြုံးစစနဲ့ ဆက်ကြည့်နေတော့
အကိုသည် နားရွက်ဖျားလေးများရဲရင်း
"ဟို အဝတ်လဲလိုက်တော့နော်။အကို အပြင်ဘက်က စောင့်မယ် "
"ဆက်မကြည့်တော့ဘူးလား?"
💘 Part-16 💘
Start from the beginning
