ဌာနရှေ့ Jungkook ရပ်ကာသာ အကို လာကြိုမည့် အချိန်ကို စောင့်နေလိုက်သည်။အလျှိုလျှို ထွက်လာကြသော ကျောင်းသား၊ကျောင်းသူများသည် တစ်ချို့က ပြုံးရယ်နေကာ၊တစ်ချို့က
မျက်နှာမကောင်းကြပေ။စာမေးပွဲ မေးခွန်းတွေကြောင့် ဖြစ်မည်။
Jungkook လည်း အကို လာတတ်သော လမ်းကို
မျှော်ကြည့်နေစဉ်မှာပဲ
"ဟင်"
မိမိပခုံးဆီ ကျရောက်လာသော
အေးစက်စက် အရည်များကြောင့် ချက်ချင်းပင် လှည့်ကာ ကြည့်မိတော့ လှလှလေး ပြုံးရင်း
သူ့ကို ရေသန့်ဗူးနဲ့ ရေလောင်းနေပါသော အကို။
"အကို "
"အင်း...အကို "
"ဘယ်တုန်းက ရောက်တာလဲ?"
"ခနကလေးတင် "
"မတွေ့လိုက်မိဘူး "
"မင်းကို ရေလောင်းချင်လို့ သေချာ မမြင်အောင်
ဟိုဘက်လမ်းက လာလိုက်တာ ။ဘယ်လိုလဲ ?
အကို့ရဲ့ သာလိကာလေး ဖြေနိုင်တယ်မလား?"
"ဒါပေါ့။ကျွန်တော် ဖြေနိုင်တယ် "
"တော်လိုက်တာ "
Jungkook ရဲ့ ခေါင်းလေးကို ဖွဖွလေး ပုတ်ရင်း
အကိုက ဆိုလာသည်။
"တော်ရင် ဆုပေးလေ"
"အင်း!ပေးမှာပေါ့ "
"ဘာပေးမှာလဲ ?"
"မပြောပြပါဘူး "
အကိုသည် မျက်နှာကလေးချီကာ
Jungkook ကို စနေခဲ့သည်။
Jungkook လည်း ပြုံးရယ်ရင်း အကို့ရဲ့ လက်လေးတစ်ဖက်ကို ကိုင်လိုက်ပြီး
"သွားရအောင် "
"အင်း...ဘယ်သွားမှာလဲ?အိမ်ပဲ တန်းပြန်မှာလား?ဘယ်လိုက်ပို့ ပေးရမလဲ?"
"အကို့ရဲ့ ကွန်ဒိုကိုပဲ သွားရအောင် "
"သဘောပဲ "
Jungkook ကိုယ်တိုင်မောင်းလိုက်ပြီး
အကိုကတော့ ဘေးကနေ ထိုင်လိုက်ခဲ့သည်။
ကားမှန်မှ တစ်ဆင့် သူတို့ရဲ့ TU ကျောင်းတော်ကြီးကို ကြည့်ကာ စိတ်ထဲကနေမှ တစ်ဆင့် နှုတ်ဆက်လိုက်သည်။
နောက် ပညာသင်နှစ်မှာ ပြန်ဆုံကြမယ်
ကျောင်းတော်ကြီးရေ။
...............................................................................
💘 Part-16 💘
Bắt đầu từ đầu
