💘 Part-16 💘

Mulai dari awal
                                        

"ဟုတ်။ဆရာ့ကို လူပျိုကြီးပဲ လုပ်မယ်ထင်တာ ။
ရုတ်တရက်ကြီးဆိုတော့ အံ့ဩသွားရုံပါ "

လူပျိုကြီးဆိုသည့် စကားကြောင့် ဆရာနဲ့အတူ
ဆရာ့အမျိုးသားက ဖွဖွလေး ရယ်ကြသည်။jungkookကတော့ taehyung ကို အကြည့်တစ်ချက်သာ ကြည့်ပေးလိုက်သည်။

"ဟုတ်ပါပြီ။မင်းတို့ ဆရာ လူပျိုသိုးကြီး
မဖြစ်အောင် hyung က ကယ်တင်ပေးလိုက်တဲ့သဘောပါ "

ဆရာ့ အမျိုးသား၏ အရွှန်းဖောက်စကားကြောင့် လေးယောက်လုံး ပွဲကျကာ ရယ်မိကြတော့သည်။
ဆရာသည် သူ့၏ အမျိုးသားကို အချစ်များ ပျော်ဝင်နေသော အကြည့်တို့ဖြင့် ကြည့်နေခဲ့သည်။
ထိုမျက်လုံးတွေထဲမှတစ်ဆင့်  သူ့အမျိုးသားပေါ် ထားရှိသော ဆရာ့ရဲ့ အချစ်များကို မြင်နိုင်ပေသည်။

Jungkook မျက်စိရှေ့က ဆရာတို့ စုံတွဲကို ကြည့်ကာ အကို့ကို သွားသတိရမိသည်။နောင် အနာဂတ်မှာ သူနဲ့ အကိုလည်း နှစ်ယောက်တစ်ဘဝ တူတူ တည်ထောင်ကြရမည်မလား?
သူသိပ်ချစ်ရတဲ့ အကိုနဲ့ တစ်ဘဝလုံး ဖြတ်သန်းသွားရမည့် အကြောင်း တွေးမိတော့ ရင်ဘတ်ထဲ
သိမ့်ခနဲ အေးချမ်းမှုနဲ့ အတူ ရင်ခုန်သံလေးများလည်း မြန်ဆန်သွားခဲ့သည်။

"ကဲ!ဆရာတို့ကို ခွင့်ပြုဦး"

"ဟုတ်ကဲ့ "

"ကောင်းကောင်း ပြန်ကြပါခင်ဗျ "

ဆရာတို့ စုံတွဲကို ကြည့်ကာ တပည့်လေးနှစ်ယောက် ဖြစ်သော taehyungနဲ့  Jungkook မှာ
အားကျမှုပေါင်းများစွာနဲ့ ကြည့်နေခဲ့ကြသည်။

Taehyung ရဲ့ အတွေးထဲမှာလည်း သူနဲ့
Yoongi ရဲ့ married life လေးအကြောင်း ပုံဖော်ကြည့်ရင်း ကြည်နူးနေခဲ့သည်။

စိတ်ကူးလေးနဲ့ပင် ပျော်စရာကောင်းနေတော့သည်။

"Jungkook !jimin hyung လာခေါ်မှာမလား?
ငါမစောင့်ပေးတော့ဘူး။yoongi နဲ့ ချိန်းထားလို့ "

"အင်း။သွားလေ "

"ဒါဆို သွားပြီ။ခရီးအကြောင်းကို နောက်မှ ဖုန်းဆက်ပြောမယ် "

"အင်း "

Taehyung သည် သူ့ကို နှုတ်ဆက်ပြီး
ကားမောင်းကာ ထွက်သွားတော့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Tempat cerita menjadi hidup. Temukan sekarang