"မင်္ဂလာပါ ဆရာ "
"ဘယ်လိုလဲ?ဖြေနိုင်ကြရဲ့လား ?"
"ဟုတ် "
"အေးဆေး...အေးဆေး ။ဆရာ "
Jungkook ကတော့ ပြုံးရင်း ဟုတ် ဟုသာ ဖြေလိုက်သည်။
Taehyung ၏ ပိုင်နိုင်သလို အပြောကြောင့်
ဆရာ namjoonမှာ သဘောကျစွာရယ်ရင်း
"ဟုတ်ပါပြီ။ဒီလိုမျိုးကြားရတာ ဝမ်းသာစရာပဲ"
"ဆရာ့တပည့်တွေပါ ။ဒါနဲ့ ဆရာ တတိယနှစ်မှာရော အတန်းယူထားသေးလားဗျ?"
"အဲ့တာတော့ မသိသေးဘူး။ဆရာတို့ အစည်းအဝေးမှာ တိုင်ပင်ရဦးမှာ "
"ဟုတ်။ဆရာနဲ့ ပဲ သင်ချင်နေတာ။
နောက်နှစ် ဆရာ့အချိန်မပါရင် ပျင်းစရာကြီး ဖြစ်နေတော့မှာဗျ"
ဆရာ Namjoon သည် taehyung ၏
စကားကြောင့် အပြုံးမျက်နှာလေးနဲ့သာ ကြည့်နေခဲ့သည်။jungkookကတော့ ပလီပြီဆိုတဲ့ အကြည့်နဲ့သာ ကြည့်နေလိုက်သည်။
"ဆရာ့အချိန် မပါခဲ့လည်း နားမလည်တာတွေ ရှိရင် ဆရာ့ဆီ လာမေးလို့ ရတာပဲ။မဟုတ်ဘူးလား?"
"ဟုတ်ကဲ့..ဆရာ "
"Kim "
ခေါ်သံကြောင့် သုံးယောက်သား လှမ်းကြည့်မိရာ
ဆရာ့အနားမှာ တွေ့ရတတ်သော ခပ်ချောချော
အမျိုးသားတစ်ယောက်။
"ရောက်လာပြီလား?"
"အင်း။အလုပ်ပြီးတာနဲ့ တန်းထွက်ခဲ့တာ"
"ဟုတ်ပါပြီ။ဒါက ကိုယ့်တပည့်တွေလေ။
ဒါက Taehyung ။ဒါက Jungkook "
ဆရာ့ရဲ့ မိတ်ဆက်ပေးမှုကြောင့်
Taehyung ရော Jungkook ပါ ခေါင်းငြိမ့် နှုတ်ဆက်လိုက်ကြသည်။
"ဟုတ်ကဲ့။တွေ့ရတာ ဝမ်းသာပါတယ်ဗျ"
"တပည့်တို့။ဒါ ဆရာရဲ့ အမျိုးသား
Kim seokjin တဲ့ "
"ဗျာ!"
နှစ်ယောက်စလုံး အံ့ဩသွားမိတာ မှန်ပေမယ့်
Taehyung သည် အသံကျယ်ကျယ်ပါ ထွက်သည်အထိ ဖြစ်သွားခဲ့သည်။
"အံ့ဩသွားတာလား?"
ဆရာ့အမျိုးသားဆိုသူက မေးလာသောအခါ
Taehyung သွားလေးဖြဲပြရင်း ခေါင်းငြိမ့်ပြလိုက်သည်။
💘 Part-16 💘
Start from the beginning
