💘 Part-15 💘

Start from the beginning
                                        

"အကို့ကြောင့်လေ။အကိုပဲ ကျွန်တော့်စိတ်ထဲ
ရှိတဲ့ အတိုင်း နေခိုင်းခဲ့တာ "

"........."

Jimin ဘက်က အသံတိတ်နေမိတော့ Jungkook ဖွဖွလေးပြုံးရင်း စကားထပ်ဆိုမိတော့သည်။

"ဘယ်လိုလဲ?ပွင့်လင်းမြင်သာမှုရှိလာတဲ့
ကျွန်တော့်ပုံစံကို ကြိုက်တယ်မလား?"

ကောင်လေးသည် သူ့မျက်လုံးများကို ဆုံရင်း
မေးလာခဲ့သည်။jimin ယဲ့ယဲ့လေး ပြုံးပြလိုက်သည်။ ယခုမှ လက်သည်းများ ထုတ်ဖော်လာခဲ့သည့် ကြောင်လေးတစ်ကောင်လို ဖြစ်နေသည့် အင်ဂျင်နီယာလေး၏ အကြည့်များကို ပြန်စိုက်ကြည့်ပြီးနောက်

"ကြိုက်တယ်....အရမ်းပဲ "

စကားလေးဆိုပြီးနောက် ကောင်လေးရဲ့
နှုတ်ခမ်းကို တစ်ချက် ဖိကပ်နမ်းပြီး
သူပဲ အရင် ထွက်ခဲ့တော့သည်။

အခန်းထဲက ကောင်လေးကတော့ သေချာပေါက်
ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲရင်း ကျန်နေခဲ့ပါလိမ့်မည်။

.........................................................................

ကပွဲ ပြီးသည့် အချိန်မှာတော့ အဝတ်အစားလဲပြီး
မိတ်ကပ်များ ဖျက်နေသည့် jimin အနားသို့
Jungkook ရောက်လာခဲ့သည်။

"အကိုကတာ  အဆင်ပြေရဲ့လား ?"

"အင်း...."

"ဖြေတဲ့ အသံကြီးကလည်း "

အားလုံးပြီးသည့်နောက်မှာတော့
အကိုသည် မှန်တင်ခုံကို မှီထားရင်း သူ့ဘက် လှည့်လာသည်။

"ဟော....အဲ့ မျက်နှာက ဘာဖြစ်ပြန်တာလဲ?"

"ကျွန်တော် အရမ်း သဝန်တိုတယ်ဗျာ ။
အကိုကနေတာကို အရောင်မျိုးစုံပါတဲ့
မျက်လုံးတွေနဲ့ ကြည့်နေကြတဲ့ သူတွေကို မြင်ရတာ ငရဲလိုပဲ "

"ဟင်းး "

အကိုသည် သက်ပြင်း ချရင်း သူ့အနား လျှောက်လာခဲ့သည်။

"ပြောပြီးပြီပဲ။အခုတော့ သည်းခံပေးဦးလို့။
အချိန်တစ်ခုရောက်ရင်  အကို မြတ်နိုးတဲ့
ဒီဝါသနာအလုပ်ကို အကို ကိုယ်တိုင် စွန့်လွှတ်မယ်လို့။မင်းအတွက် သီးသန့်ပဲ ဖြစ်ရမယ်လို့
ပြောထားပြီးသားမလား ?"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now