💘 Part-15 💘

Start from the beginning
                                        

"ဆက် နမ်းရအောင် "

Jimin ဘက်က ပြန်စတင်လိုက်ပြီး
Jungkook ရဲ့ နှုတ်ခမ်းများကို နမ်းလိုက်သည်။
Jimin ခါးထက်က Jungkook ရဲ့ လက်များက
တင်းကြပ်စွာ ဖက်ထားသလို၊ နှုတ်ခမ်းပါးများသည်လည်း မွတ်သိပ်စွာ နမ်းနေမိတုန်း။

မရပ်တန့်ချင်ဘူး။အကိုနဲ့ ထိတွေ့နေရတိုင်း
ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို သူ မထိန်းချုပ်ထားချင်ဘူး။အကို့ရဲ့ နှုတ်ခမ်းဖူးများမှတစ်ဆင့်
ထင်းလင်းစွာ ပေါ်နေသော လည်တိုင် ဖွေးဖွေးဆီ
နှုတ်ခမ်းပါးများ လျှောကျသွားတော့ အကို့ရဲ့ ခေါင်းလေး အပေါ်မော့သွားခဲ့သည်။ပိုပေါ်လာသော လည်တိုင်ဖွေးဖွေးအား နှာခေါင်းနဲ့ နမ်းရှိုက်လိုက်၊ပါးစပ်ဖျားနဲ့ စုပ်ယူလိုက် ပြုလုပ်နေမိသည်။သတိလက်လွတ်ပါပဲ ...ထိန်းချုပ်ဖို့ ကင်းမဲ့စွာပဲ အကို့ကို သူနမ်းနေမိတာ။

ဒေါက် ဒေါက် ဒေါက်

သုံးဆင့်ထပ်ခါ တံခါးခေါက်သံကြောင့်
အကို့ရဲ့ လည်တိုင်ဆီ မျက်နှာအပ်ထားပြီး
နမ်းနေသော Jungkook လည်း ခေါင်းမော့လာသလို၊အနမ်းများကို မျက်လုံးများ မှိန်းရင်း ခံစားနေသော အကိုသည်လည်း လန့်သွားပုံပေါ်သည်။

"Jiminshi....ပွဲချိန် စပါတော့မယ်ရှင့် "

ဟိုတယ်က ဝန်ထမ်းတစ်ဦး၏ အသံဖြစ်နေသည်မို့ jimin လည်း အခန်းတွင်းမှ နေ၍ ပြန်ဖြေရသည်။

"သွားနှင့်ပါ ။ကျွန်တော်လာခဲ့ပါ့မယ် "

"ဟုတ်ကဲ့ "

ခြေသံများ ဝေးသွားမှ Jungkook ကိုယ်ပေါ်ရောက်နေရာမှ ထကာ မှန်ထဲ သွားကြည့်ရသည်။
လည်ပင်းနေရာများက အကွက်များ မထင်သော်လည်း အနည်းငယ် နီရဲနေသည်။

Jungkook ဘက်ကို မကြည်သလိုလေး
ကြည့်ပြီး

"ကြည့်ပါဦး!နီရဲနေပြီ။ အဲ့လို သတ္တိတွေ ဘယ်ကရလာသလဲ?"

အေးတိအေးစက် ကောင်လေးက သဘောတကျ ပြုံးရယ်ရင်း သူ့အနား ထလာသည်။နောက်
Jimin ရဲ့ ခါးသိမ်သိမ်ကို လက်တစ်ဖက်နဲ့ ပွေ့ဖက်လိုက်ပြီး ကျန်တစ်ဖက်က jimin ရဲ့ ပါးလေးကို အုပ်မိုးကိုင်ရင်း မျက်လုံးများ ဆုံရင်း ဖြေလာခဲ့သည်။

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Where stories live. Discover now