"Jungkook "
ကောင်လေးရဲ့ လက်များကို သူ့ရဲ့ လက်နှစ်ဖက်နဲ့
ဆုပ်ကိုင်လိုက်ပြီးနောက်
"မင်း မကြိုက်တာ မှန်သမျှ အကို ဆင်ခြင်ပေးမယ်။အခု အကို ကတာကို မကြိုက်ဘူးလား?"
"မကြိုက်တာ မဟုတ်ဘူး။ကျွန်တော်ကလွဲ
တခြားသူတွေကို မမြင်စေချင်တာ "
"ဟုတ်ပါပြီ။အချိန်တစ်ခုထိပဲ စောင့်ပေးပါ။
အဲ့အချိန်ရောက်ရင် မင်းဖြစ်ချင်တဲ့အတိုင်း
အကို ကတာကို မင်းတစ်ယောက်ကလွဲ ဘယ်သူမှ မမြင်စေရဘူး "
"အကို "
"တကယ် ပြောတာ။အရာရာ အဆင်ပြေသွားတဲ့ အချိန်ကျရင် အကို့ရဲ့ ကကွက်တွေကို
မြင်ရမယ့်သူက မင်းတစ်ယောက်တည်းပဲ။
ရာသက်ပန် jeon Jungkook ဆိုတဲ့ မင်းတစ်ယောက်အတွက်ပဲ ဖြစ်စေရမယ် "
"အကိုရာ ...."
ပျော်ရွှင် ကြည်နူးမှုကြောင့် အကို့ရဲ့ ကိုယ်ငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားမိတော့သည်။
"အကို"
"ဟင်"
"အချိန်ရသေးလား?"
အကိုသည် နာရီကို တစ်ချက်ကြည့်ပြီး
"အင်း ...ဆယ့်ငါးမိနစ် လောက်လိုသေးတယ် ။
ဘာလို့လဲ ?"
"နမ်းမလို့ ...."
"ဟင်"
အံ့ဩလို့ မဆုံးသေးခင်မှာပဲ နှုတ်ခမ်းချင်း ဖိကပ်ပြီး စုပ်ယူလာသည်မို့ jimin ကြာကြာ မအံ့ဩနိုင်ပဲ ကောင်လေးအနမ်းများကို ပြန်တုံ့ပြန်နမ်းရတော့သည်။
"အင့်!"
ခန္ဓာကိုယ်ချင်း ပိုနီးကပ်စေပြီး လျှာဖျားပါ
Jimin ခံတွင်းထဲ ဝင်ရောက်ဖို့ တောင်းဆိုလာသည်ကြောင့် ပါးစပ်လေး ဟပေးလိုက်မိသည်။
"ဟင်း!"
ရင်ဖိုစေသော အနမ်းများကြား မရပ်တန့်နိုင်ပါပဲ
မွတ်မွတ်သိပ်သိပ်နမ်းနေမိကြသည်။jimin ရဲ့ လက်များက Jungkook ရဲ့ လည်တိုင်ဆီ သိုင်းဖက်လိုက်တော့ ကောင်လေးသည် အနမ်းများ ရပ်တန့်သွားသည်။
Jimin ကြည့်နေစဉ်မှာပဲ ကိုယ်ကို ပွေ့ယူကာ
သူ့ပေါင်ပေါ် ထိုင်စေသော Jungkook ကြောင့်
Jimin မှာ ဘေးတစောင်းအနေအထားနဲ့ပင်
Jungkook ကို ကြည့်နေမိသည်။
💘 Part-15 💘
Start from the beginning
