💘 Part-15 💘

Comincia dall'inizio
                                        

သိပ်မထူသောငြား ခပ်ပါးပါးလေးဖြစ်သော  အင်္ကျီ အဖြူရောင်ကို ဝတ်ဆင်ထားခြင်းကြောင့် အကို့ရဲ့ သေးသွယ်သော ခန္ဓာကိုယ်အပေါ်ပိုင်းသည်  အရမ်းကြီးမထင်းသော်ငြား
သေချာကြည့်ပါက မြင်ရနိုင်သည်။နောက် ဝတ်ထားသော ဘောင်းဘီအဖြူရောင်သည် အကို့ ခန္ဓာကိုယ်နဲ့ ကပ်နေခြင်းကြောင့် ကောက်ကြောင်းလှလှလေး ပေါ်လွင်နေသည်။ဒီလို အလှတရားတွေကို စင်အောက်ကနေ ကြည့်နေကြမယ့်
မျက်လုံးအစုံများအကြောင်း တွေးမိတော့ အင်ဂျင်နီယာလေးစိတ်ထဲ အလိုမကျမှုများ ပေါ်လာတော့သည်။

"အူတိုနေတာလား?"

အကိုသည် ပြုံးစစလေးနဲ့ မျက်ခုံးလေးပင့်ကာ မေးလာခဲ့သည်။

"အင်း....တိုတယ်။အကို့ရဲ့ ဒီလို ပုံစံကို
ဘယ်သူမှ မမြင်စေချင်ဘူး "

"မင်း ကိုယ်တိုင် အတွက်ရော "

သွေးတိုးစမ်းကာ ထပ်မေးတော့ ကြည့်လာသော
မျက်လုံးဝိုင်းလေးတွေက ရွှန်းရွှန်းစားစား။

"ကျွန်တော် ကိုယ်တိုင် ကြည့်ရမှာတောင်
အရမ်း တွန့်တိုနေတာ "

ထိုသို့ ပြောတော့ အကိုသည် ခေါင်းလေးမော့ရင်း
ခပ်ဟဟလေး ရယ်သည်။

"အဲ့လောက်တောင်လား?"

"အင်း "

"ဒီကြည့်ပါဦး "

နှစ်ယောက် တူယှဉ်ထိုင်နေရာမှ မျက်နှာချင်းဆိုင် အနေအထားသို့ ပြောင်းလိုက်ပြီးနောက်

"ဒီတစ်ခါတော့ ရှိစေတော့။နောက်ခါ မင်းမကြိုက်ရင် ဒီလို ဝတ်စုံတွေ မဝတ်တော့ဘူး။
ပိုပြီး လုံခြုံမယ့် ဝတ်စုံတွေကို ဝတ်ပေးမယ် "

"အင်း "

"မကျေနပ်တာ ရှိသေးလား?"

Jungkook စိတ်ထဲ ရှိတဲ့ အတိုင်း ခေါင်းငြိမ့်ပြလိုက်တော့ အကိုသည် 'ဘာလဲ'ဆိုသည့်
သဘောနဲ့ မျက်ခုံးပင့်ပြသည်။

"အကို ကတာကို သူများတွေ ကြည့်တာလဲ
မကြိုက်ဘူး။ကျွန်တော် တစ်‌ယောက်ပဲ
ကြည့်ချင်တာ ။ဒါပေမယ့် ဒါက အကို့ရဲ့
Professional မို့ ကျွန်တော် နားလည်ပါတယ်။
ကျွန်တော့်စိတ်ထဲ ရှိတဲ့ အတိုင်း ပြောပြတာ"

သိပ်ချစ်တဲ့ အကြောင်းလေး ပြောပြမယ်Dove le storie prendono vita. Scoprilo ora