စက္ကန့်ပိုင်းမျှ ဖိကပ်ပြီးမှ ငြင်သာစွာ တစ်လှည့်စီ
စုပ်ယူလာသည် မို့ jimin ပါ အလိုအလျောက် ပြန်တုံ့ပြန် နမ်းနေမိသည်။
နှစ်မိနစ် စွန်းစွန်းလောက် အချိန်တွင်တော့
Jungkook ဘက်က အနမ်းများရပ်ကာ
Jimin ရဲ့ မျက်လုံးများကို စိုက်ကြည့်ရင်း
ချစ်စကားလေးဆိုလာခဲ့သည်။
"အကို့ကို ချစ်တယ် "
Jimin သဘောကျစွာ ပြုံးရင်း 'သိပါတယ်'ဆိုသည့် အဓိပ္ပာယ်နဲ့ ခေါင်းလေး ငြိမ့်ပြလိုက်သည်။
"နေ့လည်စာ မစားရသေးဘူးမလား?
သွားစားကြမယ် "
"အင်း "
မကြာသော အချိန်မှာပဲ အင်ဂျင်နီယာလေး၏ အနက်ရောင်ကားလေးသည် TU ကျောင်းဝင်းအတွင်းမှ ခပ်ဖြေးဖြေးလေး မောင်း ထွက်သွားတော့သည်။
...........................................................................
"ဘာဖြစ်နေတာလဲ ...မျက်နှာကြီးက ?"
Jimin နဲ့ Jungkook ယခု ဟိုတယ်တစ်ခုသို့
ရောက်နေခြင်းဖြစ်သည်။ဟိုတယ်၏ anniversary day အတွက် ဂုဏ်ပြုပွဲကို jimin ကို ဖိတ်ကြားထားခြင်းဖြစ်သည်။jimin တစ်ယောက်တည်း လာမည်တွေးထားပြီးမှ သူပါ လိုက်မည်ဟု
ပြောခဲ့သော ကောင်လေးက စနေသည် ထင်သော်လည်း အတည်ကြီး လိုက်ချလာခဲ့သည်။ယခင်က သူ့ကပွဲတွေဆို မလိုက်တတ်သည့် ကောင်လေးက ယခုတော့ တကယ် ပါလာခဲ့သည်။
ရောက်ကတည်းက ငြိမ်ငြိမ်နဲ့ ခပ်အေးအေးသော နေနေတတ်ပြီး၊ မိတ်ကပ် ၊အဝတ်အစား အားလုံးပြင်ဆင်ပြီး အချိန်မှာတော့ jimin ကိုကြည့်ကာ
စိတ်အလိုမကျသလို မျက်မှောင်ကြီး ကုပ်ထားသည်မို့ ကောင်လေးဘေးနား ဝင်ထိုင်ရင်း
မေးရတော့သည်။
ဒီအခန်းထဲ သူတို့နှစ်ယောက်သာ ရှိသည်မို့
အနေအထိုင် ဆင်ခြင်စရာတော့ မလိုပေ။
"ဖြေလေ..ဘာဖြစ်နေတာလဲ?ဘာကို အလိုမကျနေတာလဲ?"
"ကျွန်တော် မကြိုက်ဘူး "
"ဘာကိုလဲ?"
"အကို...ဒီလို ဝတ်ထားတာကို "
Jimin ရဲ့ outfit ကို ကြည့်ကာ ပြောလာသည်မို့
မိမိကိုယ်ကို ပြန်သုံးသပ်ကြည့်မိသည်။
💘 Part-15 💘
Start from the beginning
